မြန်မာနိုင်ငံရဲ့ အဓိကပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အားလုံးလေးစားချစ်ခင်ကြမယ်ထင်ပါတယ်။ ထူးချွန်တဲ့အမျိုးသမီးတစ်ဦးဖြစ်သလို တိုင်းပြည်ရဲ့ လိုအပ်ချက်အများစုကို ပြုပြင်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လေးစားမှုကိုရရှိထားတဲ့ အမေစုနဲ့ ရုပ်ချင်းတူသူတစ်ယောက်ကတော့ လက်တလောပရိသတ်တွေကြားမှာရေပန်းစားလာတာတွေ့ရပါတယ်။  

အဆိုပါ အမျိုးသမီးကတော့ ဒေါ်ကြည်ကြည်စန်းအမည်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီအမဝမ်းကွဲတော်စပ်ကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုဖြစ်သူ ဦးဘဝင်းမှမွေးဖွားလာသူတစ်ယောက်ဖြစ်ပြီး လူအများစုကြားမှာတော့ စံထားရစရာအမျိုးသမီးတစ်ဦးဖြစ်တာလည်း တွေ့ရပါတယ်။  

ဒေါ်ကြည်ကြည်စန်းကတော့ ပရိသတ်တွေရဲ့အချစ်တော်အောင်ဆန်းစုကြည်အလားထင်မှားလောက်အောင် ရုပ်တူပြီး ခန္ဓာကိုယ်အရပ်အမောင်းနှင့် ဆံပင်ပုံစံကလည်း အမေစုလို့ထင်မှတ်လောက်တာပဲဖြစ်ပါတယ်။ လက်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ အမေစုရဲ့ ဝမ်းကွဲညီအမဖြစ်သူဒေါ်ကြည်ကြည်စန်းရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Hkaing Hyaw Kyi Kyi San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။