ပရိတ်သတ်ကြီးရေ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကတော့ အနုပညာလောကထဲကို သူမငယ်ရွယ်နုနယ်စဉ်အချိန်ကတည်းက တစ်စိုက်မက်မက် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မို့မို့မြင့်အောင်ရဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း အိုင်တင်ပီပြင်ပြီး ဇာတ်လမ်း ဇာတ်အိမ် အရမ်းကောင်းလွန်းလို့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်ကြည့်ရှုနှုန်းကို ရရှိပါတယ်နော်။မို့မို့မြင့်အောင်က အနုပညာအလုပ်ကို ရူးသွပ်သူတစ်ယောက်ဖြစ်လို့ ကြိုးကြိုးစားစားလည်း လုပ်ဆောင်ရင်း အကယ်ဒမီဆုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

မို့မို့မြင့်အောင်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး ငယ်တုန်းကလိုပဲ ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။မို့မို့မြင့်အောင်က အခုချိန်မှာဆိုရင် အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်လို့ တက်သစ်စအနုပညာရှင်လေးတွေကိုလည်း လက်တွဲခေါ်ဆောင်ကာ လမ်းပြပေးနေတဲ့ ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အိုင်တင်တွေကကောင်းနေဆဲ ပီပြင်နေဆဲဖြစ်ပြီး ကျရာဇာတ်ရုပ်ကို အပိုင်နိုင်ဆုံးဖြစ်အောင်သရုပ်ဆောင်တဲ့ မင်းသမီးပါ။

မို့မို့မြင့်အောင်ရဲ့ အိမ်ထောင်ရေးကလည်း ချမ်းမြေ့ပျော်ရွှင်စရာကောင်းပြီး အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေကြတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံက တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာတွေ နားလည်မှုတွေနဲ့ တည်ဆောက်လာကြတာ အခုဆိုရင် ၃၂နှစ် ပြည့်သွားပြီဖြစ်လို့ ၃၂နှစ်မြောက် anniversary နေ့လေးကို ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းခဲ့ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Academy Moht Moht Myint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။