ရုပ်ရှင်သရုပ်ဆောင် မင်းသားချော နေတိုးနဲ့ မင်းသမီးချောလေး ဖွေးဖွေးတို့ကတော့ အနုပညာလောကမှာ အတူတူ လျှောက်လှမ်းအောင်မြင်နေကြတဲ့ အနုပညာရှင်နှစ်ဦး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် အတူလက်တွဲလုပ်ဆောင်နေကြတဲ့ သူတို့နှစ်ယောက်က အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ဦးက ကြော်ငြာသစ်လေးတစ်ခုကို ရိုက်ကူးဖို့အတွက် ပြင်ဆင်နေကြပါတယ်။

ရုပ်ရှပ်ဇာတ်ကားကြီးတွေသာမက ကြော်ငြာတွေပါ အတူရိုက်ကူးလေ့ရှိတဲ့ နေတိုးနဲ့ဖွေးစိန်လေးက အခုလည်း Apolo စာအုပ်ကြော်ငြာလေးအတွက် ရှုတင်ကို ရောက်ရှိနေကြပါတယ်။ ကြော်ငြာလေးအတွက် အကတိုက်လေ့ကျင့်မှုပြုလုပ်နေတဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖွေးစိန်လေးက အလုပ်လုပ်နေတဲ့ နေတိုးက ဆေးထိုးပြီး စနောက်လိုက်ပါတယ်။

အလုပ်ကိစ္စတွေပြောရင်း အလုပ်ရှုပ်နေတဲ့ နေတိုးကို ဖွေးစိန်လေးက သူမကစားနေတဲ့ Snap Chat က Filter လေးနဲ့ ပုံစံပြောင်းသွားအောင် စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဖွေးစိန်လေးက နေတိုးနဲ့ သူမရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ပေးထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phway Phway;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။