ယောက်ျားလေးပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ချောင်းသာကမိးခြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်တစ်နှစ်တာလုံးမှာ ဘယ်သူမှမဝတ်ဖူးတဲ့ အမိုက်စား၊ အကြမ်းစား ဖက်ရှင်တွေနဲ့ ပွဲတက်ခဲ့တဲ့ သင်ဇာက ပရိသတ်တွေရဲ့ အာရုံကို အဖမ်းစားဆုံး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ အပြစ်ပြောစရာမရှိအောင် လှပလွန်းနေတဲ့ ခန္ဓာကိုယ်နဲ့ ဖက်ရှင်တိုင်းက sexy ကျကျဆွဲဆောင်မှုရှိရှိလှနေတာလည်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ဆွဲဆောင်မှုအပြည့်ဆုံး မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်လည်းဖြစ်ပါတယ်။ သူမရဲ့ငေးမောဖွယ်ရာ ကောက်ကြောင်းအလှတွေကြောင့် ပုရိသကိုကိုတွေကြားမှာ အမြဲလိုလိုရေပန်းစားနေတဲ့ အလှဘုရင်မတစ်ဦးဆိုလည်းမမှားပါဘူး။ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင် သင်ဇာက အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးအဖြစ်ရော Sexy Model အဖြစ်ပါ အနုပညာလောကမှာ လျောက်လှမ်းနေတာ ဖြစ်ပါတယ်။

သင်ဇာကတော့ အမြဲတမ်း သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာဖြစ်ပြီး ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သင်ဇာဟာ sexy ကျကျ ဖက်ရှင်အမိုက်စားလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ပုံလေးကို သူမရဲ့ ဖေ့ဘွတ်မှာဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။