အပြေးပြိုင်ပွဲတွေမှာစံချိန်သစ်တွေနဲ့တူတူအောင်မြင်မှုတွေရယူနိုင်တဲ့သူဆိုတာနဲ့ကမ္ဘာအပြေးချန်ပီယံအူစိန်ဘော့ကိုပြေးမြင်ကျမှာဖြစ်ပါတယ်။သူကတော့ယနေ့အချိန်ထိအအောင်မြင်ဆုံးဖြစ်ခဲ့ပေမယ့်ခုမှာသူ့ကိုစိန်ခေါ်တဲ့သူတစ်ယောက်ရှိလာပြီဖြစ်ပါတယ်။သူကတော့အသက်၇နှစ်သာရှိသေးတဲ့Rudolph Ingramဆိုတဲ့ကလေးလေးပဲဖြစ်ပါတယ်။

သူကတော့မီတာ၁၀၀ပြိုင်ပွဲမှာ (၁၃.၄၈)စက္ကန့်နဲ့ ပန်းဝင်နိုင်ခဲ့တဲ့တာဖြစ်ပါတယ်။အဆိုပါသူပြိုင်ပွဲရဲ့videoလေးကလည်းပရိသတ်တွေမီဒီယာတွေကြားမှာနာမည်ကြီးသွားခဲ့ပြီးအနာဂတ်ရဲ့အူစိန်ဘော့လို့ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

အူစိန်ဘော့တင်တဲ့စံချိန်ကတော့မီတာ(၁၀၀)ကို (၉.၅၈)စက္ကန့်နဲ့ ပြေးနိုင်ခဲ့တာဖြစ်ပါတယ်။အူစိန်ဘော့လောက်မဟုတ်ပေမယ့်ခုအသက်ရွယ်နဲ့ခုလိုစံချိန်တင်နိုင်တာကတော့နောင်တစ်ခေတ်အတွက်အားထားရမယ့်သူတစ်ယောက်ဖြစ်လာမှာပါ။ပရိသတ်တွေအတွက်လည်းအသက်ငယ်ငယ်လေးနဲ့စံချိန်သစ်တွေတင်နိုင်တဲ့ကလေးလေးရဲ့videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။