ပရိတ်သတ်ကြီးရေ အာဇာနည်က သီချင်းတွေကို စနစ်တကျနဲ့ စည်းဝါးကိုက်စွာ သီဆိုတဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။သီချင်းချိုချိုအေးအေးလေးတွေအပြင် မြူးကြွတဲ့ သီးချင်းလေးတွေကိုလည်း သီဆိုနိုင်သူတစ်ဦးပါ။အာဇာနည်က ဒီလိုအောင်မြင်လာဖို့ အခက်ခဲတွေကြားကနေ အောင်မြင်အောင်လုပ်လာခဲ့သူတစ်ဦးပါ။အာဇာနည်ရဲ့ သီချင်းတွေက ပရိတ်သတ်တွေရဲ့ကြားမှာ တော်တော်လေးပေါက်ခဲ့ပြီး သီချင်းတစ်ပုဒ်ဖန်တီးလိုက်ရင် တစ်ပုဒ်ဆိုတစ်ပုဒ် အောင်မြင်တဲ့သူတစ်ယောက်ပါ။

အာဇာနည်က ဆံပင်ရှည်ရှည် တက်တူးတွေနဲ့ လူကြမ်းရုပ်ပေါက်နေသော်လည်း စိတ်သဘောထားနူးညံ့သူတစ်ဦးဖြစ်ပြီး ဇနီးသည်ဝမ်းနဲ့ သားလေးနှစ်ယောက်ပေါ်ကိုလည်း ကြင်ကြင်နာနာနဲ့ ဂရုစိုက်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်စရာသားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်လို့ သာယာပျော်ရွှင်ချမ်းမြေ့ရတဲ့ မိသားစုလေးပါ။ဇနီးသည်ဝမ်းကိုလည်း အာဇာနည်က ဘယ်သွားသွား မိန်းမကို အမြဲတမ်းခေါ်သွားနေတာဖြစ်ပါတယ်။

သားလေးနှစ်ယောက်ကလည်း တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းပြီး လူချစ်လူခင်ပေါများရလောက်အောင် ချစ်စမွှေးပါတဲ့ ကလေးလေးတွေဖြစ်ပါတယ်။အခုဆိုရင် အာဇာနည်တို့ လင်မယားနှစ်ယောက်က ခရီးတစ်ခုထွက်နေကြပြီး သားလေးတွေမပါဘဲ သမီးရည်းစားတုန်းကလိုမျိုး ရိုဆန်ဆန် ဓာတ်ပုံလေးတွေရိုက်ပြီး အရမ်းတွေကို ချစ်နေကြပါတယ်နော်။သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။