လီပါပူးအသင်းကိုရလဒ်ဆိုးတွေကြားထဲကရုန်းထွက်ပြီးအမှတ်ပေးဇယားရဲ့ထိပ်ဆုံးကိုရောက်အောင်လုပ်ပေးခဲ့တာကတော့အသင်းနည်းပြကလော့ပ်ပဲဖြစ်ပါတယ်။သူကတော့ပါပူးအသင်းကိုမနှစ်ကချန်ပီယံလိဒ်ဗိုလ်လုပွဲတွေတက်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးဒီနှစ်မှာလည်းချန်ပီယံပြေးလမ်းပေါ်မှာရပ်တည်အောင်စွမ်းဆောင်ပေးနိုင်တာဖြစ်ပါတယ်။

ပါပူးအသင်းဟာလက်ရှိအချိန်မှာဂိုးကွာခြားချက်နဲ့မန်စီးတီးအသင်းရဲ့အောက်ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ချန်ပီယံလိဒ်ပြိုင်ပွဲမှာလည်းဘိုင်ယန်အသင်းနဲ့ရှုံးထွက်ပြိုင်ပွဲကိုကစားရတော့မှာဖြစ်ပါတယ်။ကလော့ပ်ရဲ့စွမ်းဆောင်မှုတွေကြောင့်ပရိသတ်တွေကလည်းသူတို့ရဲ့နည်းပြကိုချစ်နေရတာဖြစ်ပါတယ်။

ပါပူးပရိသတ်တွေရဲ့အချစ်တော်ကလော့ပ်ကတော့ခုမှာလည်းပရိသတ်တွေသာမကအဆိုတော် ဂျိမ်းဝက်စ်စတာ ပါအံ့သြသွားအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ပါပူးဖန်တွေရှိတဲ့ဆိုင်လေးကိုရောက်လာတာဖြစ်ပြီးအသင်းရဲ့သီချင်းကိုပရိသတ်တွေနဲ့တူတူသီဆိုခဲ့တာဖြစ်ပါတယ်။ပါပူးကိုအားပေးနေတဲ့ပရိသတ်တွေအတွက်လည်းပရိသတ်တွေကိုပျော်ရွှင်အောင်လုပ်တဲ့ကလော့ပ်ရဲ့ပရိသတ်တွေနဲ့တူတူအသင်းရဲ့သီချင်းကိုကြွေးကြော်နေတဲ့videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:LFCTV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။