ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်းဟာ မန်ယူအသင်းကို လာမည့်နွေရာသီ ကာလမတိုင်မီ စတာလင်ပေါင် ၃၈ ဒသမဘီလီယံဖြင့် ဝယ်ယူရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ၎င်းဟာ မန်ယူအသင်းကို ပြီးခဲ့သည့်နွေရာသီကာလက ဝယ်ယူသွားရန် ပြင်ဆင်နေသူဖြစ်ပြီး လက်ရှိအသင်းပိုင်ရှင် ဂလေဇာမိသားစုက ရောင်းချရန် ငြင်းပယ်ခဲ့သည့်အတွက် လက်လျော့ခဲ့ရသော်လည်း ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းမည်ဖြစ်သောကြောင့် မန်ယူအသင်းကို ရောင်းချရန် စဉ်းစားနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

ဆော်ဒီအာရေဗျတော်ဝင်မိသားစုကလည်း အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်းကို အားပေးထောက်ခံခဲ့ကြသကဲ့သို့ဂလေဇာမိသားစုကလည်း အမြတ်အစွန်းများစွာရရှိမည်ဖြစ်သောကြောင့် အရောင်းအဝယ်ဖြစ်မြောက်လာဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ပြီးခဲ့သည့်် ၁၄ နှစ်က စတာလင်ပေါင်သန်းပေါင်း ၇၉၀ ဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး ယင်းကာလအတွင်း အမြတ်အစွန်းအမြောက်အမြားလည်း ခံစားခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။  

အသက် ၃၃ နှစ်ရှိ မိုဟာမက်ဘင်ဆယ်လ်မန်းသည် မန်ယူအသင်းကို ဝယ်ယူကာ ဒူဘိုင်းတော်ဝင်မိသားစုက ပိုင်ဆိုင်ထားသည့် မန်စီးတီးအသင်းထက်ကျော်လွန်ရေး အတွက်စွမ်းဆောင်သွားရန်လည်း ဆန္ဒရှိနေပြီးမန်ယူအသင်းကို ဆော်ဒီအာရေဗျ တော်ဝင်မိသားစုက ပိုင်ဆိုင်သွားမည်ဆိုပါက တော်ဝင်မိသားစုနှစ်စုကြား ပိုမိုပြင်းထန်လာဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Source - Live Soccer TV 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။