ခေတ်တခါက နာမည်ကြီး မင်းသမီး ဖြစ်သလို လက်ရှိမှာလည်း အောင်မြင်နေတဲ့ မင်းသမီးဖြစ်တဲ့ ခင်ဇာခြည်ကျော် ဟာ အရွယ်ရပြီး ဖြစ်နေပေမဲ့လည်း နုပျိုလှပနေဆဲလို့ ဆိုရမှာပါ။ အရင်ခေတ် တခါက ကြော်ငြာမင်းသမီး၊ ပြက္ခဒိန် မင်းသမီး လို့ တင်စားရလောက်အောင် အကယ်ဒမီ မို့မို့မြင့်အောင် ၊ ဦး ဇင်ဝိုင်း၊ ဦး ရန်အောင်၊ နဲ့အတူ တခေတ်တခါထဲ အောင်မြင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။  

သူမကတော့ ယခုမှာတော့ သားတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးလေးရဲ့ လိမ္မာသိတတ်မှုလေးတွေကြောင့် ပြုံးပျော်ရွှင်ရသူပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခင်ဇာခြည်ကျော်တစ်ယောက် ငယ်ရွယ်စဉ်အချိန်တုန်းက လှပနုပျိုမှုလေးကို ပြန်လည်လွမ်းဆွတ်သတိရနေပါတယ်။ 

ခင်ဇာခြည်ကျော်တစ်ယောက် ကတော့ " အော် ..." ငါ သူတစ်ပါး ယောကျာၤး မိနိးမ " ရိုက် ချိန် အသက် ၂၇ နှစ် အရွယ် နု ပျို မှု့ပြန် ကြည့် ရင်း ပြန်လွမ်းမိ " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ငယ်ဘဝပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်ရဲ့ ငယ်ဘဝပုံရိပ်လေးကိုဖော်ပြပေးလိုက်ပါတယ်။

source: ခင်ဇာခြည်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။