လေးနှစ်တစ်ကြိမ်မှကျင်းပတဲ့ကမ္ဘာဖလားကြီးကတော့တဖြည်းဖြည်းနဲ့ကျင်းပဖို့ကို တစ်နှစ်ပြီးတစ်ကုန်ကုန်လာပါပြီ။ခုကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲကိုတော့၂၀၂၂မှာအာရှတိုက်ရဲ့ကာတာနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ခု၂၀၁၉ရောက်ပြီဖြစ်တာကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်ကာတာနိုင်ငံကတော့ကွင်းသစ်စီမံကိန်းတွေနဲ့ပြန်လည်ပြုပြင်ရေးအစီစဉ်တွေကိုလုပ်ဆောင်နေကြပါပြီ။

လေးနှစ်မှတစ်ခါကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထိပ်သီးအသင်းတွေနဲ့ပရိသတ်ပေါင်းမြောက်များစွာလာရောက်မှာဖြစ်တာကြောင့် အိမ်ရှင် တာဝန်ကျေအောင်ခုတည်းကပြင်ဆင်နေတာဖြစ်ပါတယ်။အာရှတိုက်မှာဒုတိယအကြိမ်ကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာအာရှရဲ့ဂုဏ်ကို ဆောင်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။၂၀၀၂ခုနှစ်ကအာရှတိုက်ကတောင်ကိုရီးယားနဲ့ဂျပန်တို့ပူးတွဲကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲမှာတောင်ကိုရီးယားအသင်းကစတုတ္တရရှိခဲ့ပြီးအာရှဂုဏ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ခုတစ်ခါအာရှမှာတစ်ကျော့ပြန်ကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲကြီးမှာလည်း အိမ်ရှင်ကာတာအသင်းဘယ်လိုအောင်မြင်မှုရမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ကာတာနိုင်ငံမှာအပူပိုင်းဒေသဖြစ်တာကြောင့်အိမ်ရှင်မဲခွဲပွဲတုန်းကဝေဖန်မှုတွေရှိပေမယ့်လည်း အကောင်းဆုံးအိမ်ရှင်ဖြစ်စေဖို့ကတိပေးခဲ့တာပါ။အပူတွေကိုအံ့တုပြီးပရိသတ်တွေကစားသမားတွေအတွက်အကောင်းဆုံးပြင်ဆင်ထား တဲ့ကွင်းဒီဇိုင်းပုံစံလေးတွေကိုလည်းပရိသတ်တွေသိစေဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE;OH MY GOAL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။