မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့စီစဉ်မှုဖြင့် မနေ့ကမနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာသည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲချန်ပီယံ မြန်မာအမျိုးသမီးအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူများနှင့် မြန်မာဘောလုံးပရိတ်သတ်များ၊ အားကစားသမားများ ၊ မြန်မာ့လက်ရွေးစင်အသင်းများနှင့် ဘောလုံးအကယ်ဒမီနှင့် ကျောင်းများမှ ကစားသမားများ ၊ ကလပ်အသီးသီးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။  

ထို့နောက် ချန်ပီယံဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးအသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နာယက KBZ Bank နာယက ဦးအောင်ကိုဝင်းက ငွေကျပ်သိန်း ၂၀၀ ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ AYA Bank ဥက္ကဌ ဦးဇော်ဇော်က ငွေကျပ်သိန်း ၂၀၀ ၊ အမျိုးသမီး ဘောလုံးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ငွေကျပ် သိန်း ၁၀၀ ၊ ဦးထွန်းနှင့် မမို့ ( poe poe car company ) မှ ငွေကျပ် သိန်း ၅၀ ၊ စုစုပေါင်းငွေကျပ် သိန်း ၅၅၀ ကို ချီးမြှင့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ပြောင်းလဲမှုတွေအောက်မှာပထမဆုံးအောင်မြင်မှုဖြစ်တာကြောင့်အောင်မြင်တဲ့ပြောင်းလဲမှုလို့ပြောလို့ရမှာဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ဝေးကွားနေတဲ့မြန်မာအသင်းအတွက်တော့နှစ်သစ်မှာဖလားတွေဆွတ်ခူးနိုင်ခဲ့တာပါ။ပထမဆုံးနှစ်သစ်မှာအောင်မြင်မှုတွေသယ်ယူလာတဲ့မြန်မာအသင်းကိုကြိုဆိုခဲ့တဲ့ပရိသတ်တွေနဲ့ပုံရိပ်videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။ 

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။