ပရိသတ်ကြီးရေ.. လတ်တလော ပရိသတ်တွေကြား ရေပန်းစား လူပြောများနေကြတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခံရမှုတွေကတော့ တကယ်ကို ပင်ပန်းရကျိုးနက်ပြီး

သည်းထိတ်ရင်ဖိုဇာတ်ရုပ်တွေနဲ့ ပီပြင်တဲ့ သရုပ်ောဆင်ပိုင်နိုင်မှုတွေအပြင် အမိုက်စား ရိုက်ချက်တွေကြောင့် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်နော်..။

မြန်မာနိုင်ငံမှာသာ မက လက်ရှိမှာလည်း စင်္ကာပူနိုင်ငံမှာပါ ရုံတင်ပြသနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်နိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့အပြင် ကလေးသရုပ်ဆောင်အဖြစ် ပြည့်ပြည့်နဲ့ တုန်တုန်တို့က သရုပ်ဆောင်ထားကြပြီး ထိုင်းဒါရိုက်တာဖြစ်တဲ့

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ရုပ်ရှင်အဖွဲ့သားတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေနဲ့ စတင်ရုံတင်ပြခဲ့တဲ့အချိန်ကနေ (၉)ရက်အတွင်း သိန်းပေါင်း(၁)သောင်းအထိ ရုံဝင်ငွေရရှိခဲ့တယ်လို့လည်း သိရပါတယ်နော်..။

အံ့မခန်းလောက်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ From Bangkok to Mandalay ကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးထားတာဖြစ်ပြီး (၉)ရက်အတွင်း ရုံတင်ဝင်ငွေ သိန်း(၁)သောင်းရရှိခဲ့တဲ့အကြောင်းလေးကိုလည်း Chartchai Ketnust က ပြောပြထားတာ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီ(၁၇)ရက်နေ့မှာ Chartchai Ketnust က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ယုံကြည်ပြီး အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားလေးဆိုထားပြီး လိပ်ပြာစံအိပ် ရုပ်ရှင်ဇာတ်ကားကို မင်္ဂလာရုပ်ရှင်ရုံများမှလွဲပြီး အခြားကျန်ရုပ်ရှင်ရုံများမှာ ကြည့်ရှုနိုင်တဲ့အကြောင်းလေးကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo - လိပ်ပြာစံအိမ်၊ Chartchai Ketnust

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။