ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ စံထိပ်ထားဦးလို့ အမည်ပေးထားတဲ့ မခိုင်လေးရဲ့သမီးလေးကတော့ ဖြူစင်ရိုးသားတဲ့ အပြုံးလှလှလေးတွေနဲ့ မြင်သူတိုင်းချစ်ခင်ရသူလေးလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကြော်ငြာလေးတွေ ရိုက်ကူးခဲ့တဲ့ ထိပ်ထိပ်လေးကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။

အခုဆိုရင် ထိပ်ထိပ်လေးက အသက် (၁၆) နှစ်အရွယ် အပျိုဖြန်းမလေးအဖြစ် တစ်နေ့တစ်ခြား လှသွေးကြွယ်လာတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ရန်ကုန်မြို့ရှိ Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “REVLON” ရဲ့ Colorstay Full Cover Foundation မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ ထိပ်ထိပ်လေးက တောက်ပပေါ်လွင်နေတဲ့ အမိုက်စားဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့ပါတယ်။ လတ်တလောမှာတော့ ထိပ်ထိပ်လေးက ကြော်ငြာလေးတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။

အခုလည်း "Live boldly" လို့ ဆိုထားတဲ့ ထိပ်ထိပ်လေးရဲ့ ပွဲတက်ဖက်ရှင်နဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဖူးပွင့်ကာစ ပန်းလေးတစ်ပွင့်လို လှချင်တိုင်းလှနေတဲ့ ထိပ်ထိပ်လေးရဲ့အလှကတော့ ပကတိအတိုင်း ရိုးရှင်းလှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်သမီး စံထိပ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

source:San Htate Htar Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။