သူရိယနဲ့ဆုအိမ့်စံတို့နှစ်ယောက်သား " ဟီးရိုး " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲကို တက် ရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားက အမြဲတမ်း မခွဲအတူတူရှိနေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Valentine Day မှာတော့ နှစ်ယောက်သားစေ့စပ်ခဲ့ကြပြီး မင်္ဂလာပွဲလေးကျင်းပမယ့် အချိန်လေးကို တော့ ပရိသတ်တွေကစောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ Fashion လေးတွေကလည်း ပွဲတိုင်းမှာ ဆင်တူလေးတွေဝတ်တတ်ပြီး လိုက်ဖက်တဲ့စုံတွဲလေးပါပဲ။

လက်တွဲခဲ့တာ နှစ်နှစ်ကျော်ကာလတိုင်ခဲ့ပြီ ဖြစ်ပြီး အနုပညာအလုပ်တွေလည်း အတူတူ လက်တွဲပြီး လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ ချစ်သူလေးကို အမြဲတမ်းအလိုလိုက်ဂရုစိုက်ပြီး ချစ်တတ်တဲ့ သူရိယကြောင့် ဆုဆုတစ်ယောက် သာယာအေးချမ်းတဲ့ Relationship လေးကို ပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။ စေ့စပ်တာကလည်း အားလုံးသေချာ Plan ချပြီးတော့မှ ပရိသတ်တွေကို Surprise လုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပွဲလေးကျင်းပတဲ့ အပေါ် မှာလည်း ပရိသတ်တွေက ဝိုင်းပြီးသြဘာပေးတဲ့အပေါ်လည်း ဝမ်းသာပါတယ်လို့ဆိုပါတယ်။

ပွဲလေးကိုလည်း ဆုဆုရဲ့စိတ်တိုင်းကျ အားလုံးပြင်ဆင်ပေးခဲ့တယ်လို့ဆိုပါတယ်။ လာတောင်း ရမ်းတဲ့အချိန်မှာတော့ ဆုဆုတစ်ယောက် အခန်းထဲမှာရင်တွေတုန်နေ ခဲ့တယ်လို့ဆိုပါ တယ်။ ကိုယ့်စိတ်တိုင်းကျ ချွေးမလိုက်တောင်းပေးတဲ့မိဘတွေကိုလည်း ကျေးဇူးတင်ပြီး သမီး လေးကို ယုံယုံကြည်ကြည်နဲ့ အပ်နှင်းလိုက်တဲ့ ဆုဆုရဲ့မိဘတွေကိုလည်း ကျေးဇူးတင်ပါ တယ်လို့ သူရိယကဆိုပါတယ်။ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာပဲ စေ့စပ်ပွဲ လေးလုပ်ရတဲ့အတွက်ကြောင့် ဝမ်းသာကြည်နူးရတယ်လို့ဆိုပါတယ်။

Exclusively on Myanmarload

Photo - Thiri Ya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။