ရေပြာအိုင်

ရေပြာအိုင်ကတော့ လူတော်တော်များများသိဖူးပီးသားဖြစ်တဲ့အတိုင်း ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တော်ကြယ်ရွာမှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒီအိုင်လေးရဲ့ ရေတွေဟာ ထူးဆန်းစွာ အပြာရောင် ဖြစ်နေပြီး ဘယ်လောက်အထိတောင် ကြည်သလဲဆိုရင် ဟိုးအောက်ခြေက သစ်ပင်တွေကိုတောင် မြင်ရလောက်တဲ့ အထိပါပဲ..ဒါ့အပြင် နောက်ထပ်ထူးဆန်းတာက ဒီကန်ထဲမှာ ရေဆင်းကူးရင် အသက်ပါသေဆုံးနိုင်တဲ့အပြင် ဒီအထဲကရေတွေကို ဖန်ခွက်တစ်ခုနဲ့ ခပ်ယူလိုက်ပါက ဖန်ထွက်ထဲကရေတွေဟာ အိုင်ထဲကလို အပြာရောင် မဟုတ်တော့တာတွေရှိတယ်လို့ ပြောကြပါတယ်။

Philippine flying bat

ဖိလစ်ပိုင် နိုင်ငံမှာတွေ့ရတတ်တဲ့ ဒီလင်းနိ့တွေဟာ အခြားသော လင်းနို့တွေ ထက် အရွယ်အစားအတော်လေးကို ကြီးမားလှပါတယ်။ အရွယ်ရောက်ပြီးသား လင်းနို့တစ်ကောင်ဟာ ၁.၅မီတာအထိတောင် ရှိပါတယ်။ ဒါ့အပြင်သူတို့ဟာ နေ့အလင်းဘက်မှာလည်း ပုံမှာတွေ့ရသလိုမျိုး အိပ်စက်နိုင်ပြီး လူတွေကို လည်း ရန်ပြုခြင်းမရှိဘူးလို့ သိရပါတယ်။

Animal Leg

အခုမြင်တွေ့နေရတာကတော့ အမျိုးအမည်မသိ အကောင်တစ်မျိုးရဲ့ ခြေထောက်ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ သိပ္ပံပညာရှင်တွေဟာ သူတို့ရှာတွေ့ခဲ့တဲ့ ဒီခြေထောက်ကြီးဟာ ဘယ်လို ကြောက်စရာအကောင်ကြီးရဲ့ ခြေထောက်လဲဆိုတာ ယနေ့အချိန်အထိ အဖြေမရှာနိုင်သေးပါဘူး ။

Mexican Alligator Lizard

အမှတ်တမဲ့ကြည့်လိုက်ရင် နဂါးများလို့တောင် ထင်သွားရလောက်တဲ့ ဒီအကောင်လေးဟာ တစ်ကယ်တော့ မက္ကစီကို မိကျောင်းမျိုးနွယ်ဝင် ပုတ်သင်လေးတစ်ကောင်သာ ဖြစ်ပါတယ်။ ထူးခြားတဲ့ အရောင်နဲ့အတူ ခန္ဒာကိုယ်ဖွဲ့စည်းပုံတွေက တစ်ကယ့်ကို နဂါးပေါက်စလေးလိုပါပဲ။

ဒါပေမယ့် ဒီအကောင်လေးတွေဟာ မှောင်ခိုသမားတွေရဲ့ ဈေးကွက်မှာရောင်းချခံနေရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် မျိုးတုန်း ပျောက်ကွယ်သွားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။