ခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကိုပိုင်ဆိုင်ထားပြီး ၂၀၁၇မှာ Miss Asean Myanmar သရဖူကိုဆွတ်ခူးရရှိထားတဲ့ နန်းအမရာကို ပရိသတ်ကြီးအနေနဲ့ သိကြမယ်ထင်ပါတယ်နော်။ social media လောကမှာ photo model တစ်ယာက်ဖြစ်တဲ့ ရပ်တည်နေတဲ့ နန်းအမရာဟာဆိုရင်တော့ တစ်နေ့တစ်ခြား ပိုပိုလှလာတာကိုလည်း မြင်တွေ့ရမှာပါ။ စိတ်ထားဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာအမူအရာလေးတွေကြောင့် ယောကျာ်းလေးပရိသတ်တွေကော၊ မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

နန်းအမရာရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးဖြစ်တာကို တွေ့ရမှာဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားတွေ၊ ပွဲလမ်းသဘင်ထက်က ရင်သက်ရှုမောဖွယ် ပုံရိပ်အလှတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တောင့်တင်းခိုင်မာဖို့ အတွက် gym ကိုစနစ်တကျနဲ့ ကစားခဲ့ပြီး body အမိုက်စားနဲ့ဖန်တီးပြုလုပ်ထားတဲ့ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ကြည့်ရှုကြ ပြီးလိမ့်မယ်ထင်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ မြင်တွေ့ရတဲ့အခါမှာတော့ ကျက်သရေအဖြာဖြာတိုး၍ လှပနေခဲ့တာဖြစ်ပါတယ်။

နန်းအမရာဟာဆိုရင် Misters & Miss Tourism Culture Myanmar ပွဲကိုသွားရောက်ခဲ့တာဖြစ်ပြီး အရင်နည်းတူ ချစ်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် ထုတ်ဖော်တင်ဆက်ပေးလိုက်တာလည်းဖြစ်ပါတယ်။ လွန်ခဲ့သော၂နှစ်ခန့်က ဆွတ်ခူးရရှိခဲ့တဲ့ သရဖူလေးကို ဆောင်းပြီး ပြိုင်ပွဲဝင်ညီငယ်၊ ညီမငယ်များကို သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကြိုဆိုအားပေးခဲ့တဲ့ နန်းလေးကတော့ နေသိတ်မကောင်းဖူးလို့လည်း ကြားသိရပါတယ်။ Myanmarload ပရိသတ်ကြီးရေ နန်းအမရာရဲ့ ပွဲတက်အမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရှုခံစားရင်း ခွန်အားရှိအောင် အားပေးစကားပြောသွားကြပါနော်...။

Source Nan Amara

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။