ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ အချိန်တော်တော်ကြာတဲ့အထိ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ပရိတ်သတ်တွေတစ်ခဲနက်အားပေးခြင်းခံထားရတဲ့ သရုပ်ဆောင်မင်းသမီးလေးမယ်လိုဒီ ကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ အိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းကွာခဲ့ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေ အများအပြားရှိနေဆဲပါပဲ။

သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဗီဒီယို ကြော်ငြာတွေများစွာကို ရိုက်ကူးခဲ့တဲ့သူလေးလည်းဖြစ်ပြီးတော့ အကယ်ဒမီဆုဆိုတာကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားခဲ့တဲ့မင်းသမီး လေးတစ်လက်လည်းဖြစ်ပါတယ်နော်။သူမဟာ အခုအချိန်မှာ ချစ်ဖို့ကောင်းတဲ့ သားသားလေး သိဒ္ဓိစစ်နဲ့ သူမကိုအရမ်းချစ်တဲ့ ချစ်ခင်ပွန်းလေးကိုပိုင်ဆိုင်ထားရတဲ့ ကံအကောင်းဆုံး အနုပညာရှင်လေးတွေထဲကတစ်ယောက်ပါပဲနော်။

အခုတစ်ခါမှာလည်းသူမရဲ့အားလပ်ရက်လေးမှာ သားသားလေး သိဒ္ဓိစစ်ကို အချိန်ပေးပြီးတော့ အတူတူနေပေးခဲ့ပါတယ်နော်။ သားသားလေးရဲ့ ဖေဖေကလည်းတစ်နေကုန်လုံး မိသားစုအတွက်ကော သားသားလေးအတွက်ပါအချိန်ပေးခဲ့တဲ့အတွက် မယ်လိုဒီတစ်ယောက် အရမ်းကိုပျော်ရွှင်ကြည်နူးနေခဲ့ရပါတယ်နော်။ ဒါကြောင့်လည်း ဖေဖေနဲ့ သားသားလေးတို့အတူတူရေကူးနေတဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမှတ်တရရိုက်ကူးခဲ့ပြီး လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့ပါတယ်နော်။ကဲ... ပရိတ်သတ်ကြီးကိုလည်း သူမတင်ထားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။