ပရိသတ်ကြီးရေ... ဘိုမလေးလိုချစ်ဖို့ကောင်းပြီး မော်ဒယ်လ်လောကမှာ အောင်မြင်မှုများစွာရရှိလာခဲ့တဲ့ ဂျူးဂျူးသစ္စာကို အထူးတလည်မိတ်ဆက်ပေးစရာ မလိုဖူးထင်ပါတယ်နော်။ အခုနောက်ပိုင်းမှာဆိုရင်တော့အလန်းစားပုံရိပ်လေးတွနဲ့ မြင်တွေ့ရမှာဖြစ်ပြီး သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ကိုင်လာတာဖြစ်ပါတယ်။ mtv သီချင်းတွေထဲမှာလည်းပါဝင်ရိုက်ကူးလာခဲ့ပြီး၊ ယောကျာ်လေးပရိသတ်ကော မိန်းကလေးပရိသတ်ကော များစွာပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ပုရိသအပေါင်းတို့ကိုဆွဲဆောင် ညှို့ယူနိုင်တာဖြစ်ပါတယ်။ ဂျူးဂျူးသစ္စာဟာဆိုရင် ခရီးသွားဝါသနာပါသူဖြစ်သလို tik tok ဗီဒီယိုဖိုင်လေးတွေကိုပြုလုပ်ဖန်တီးပြီး ပရိသတ်ကြီးအားဖျော်ဖြေတင်ဆက် ပေးလေ့ရှိတာဖြစ်ပါတယ်။ ဘာဝတ်ဝတ်လှပနေတဲ့ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိစွာအလွန်လှပသူဖြစ်ပါတယ်။

ဂျူးဂျူးသစ္စာကတော့ သူမချစ်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲ ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပြီး ထိုသို့ထုတ်ဖော်တင်ပြရာတွင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ကိုသာအများဆုံး အသုံးပြုတာကို တွေ့ရမှာပါ။ အခုတစ်ခါမှာဆိုရင်လည်း ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ပရိသတ်အပေါင်းကို သီဆိုဖျော်ဖြေထားတဲ့ Tik tok ဗီဒီယိုဖိုင် အလန်းစားလေးကို Myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင်ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်။

Source Jue Jue Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။