မေဦးဟာ အနုပညာလောကမှာ မရှိမဖြစ် Makeup Artist တစ်ယောက်အဖြစ်ရပ်တည်နေသူဖြစ်ပြီး အနုပညာလောကမှာသာမက အိမိထောင်ပြုကြမဲ့ သတို့သမီးလေးတွေကို အလှဆုံးဖန်တီးနေတဲ့ အလှဖန်တီးရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ မေဦးကတော့ MAY & CO Wedding Service ဆိုင်လေးကို ကိုယ်တိုင် ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။  

မေဦးရဲ့ တစ်ဦးတည်းသော ချစ်ရသူ ချစ်သူဖြစ်သူ ဟန်လင်းနဲ့လည်း ချစ်သူတက်တမ်း(၂) နှစ်ဝန်းကျင်တိုင်အောင် တစ်ယောက်ကိုတစ်ယောက် အချစ်အခင်မပျက် ၊ ရွှေလက်တွဲလာခဲ့ပါတယ်။ မေဦးနဲ့ဟန်လင်းကတော့ စံပြထားရလောက်အောင် အေးချမ်းလွန်းတဲ့ အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြတဲ့ LGBT ချစ်သူစုံတွဲလေးလည်းဖြစ်ပါတယ်။ 

ယနေ့မှာတော့ မေဦးနဲ့ဟန်လင်း ချစ်သူစုံတွဲလေးဟာ အဆွေးသီချင်းလေးကို အတူတူနားထောင်နေရင်း ချစ်ရသူလေးနဲ့ အနမ်းမိုးတွေ ရွာသွန်းနေခဲ့ပါတယ်။ မေဦးကတော့ " Monday with love " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ြ့ဖစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: မေဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။