Angelina Jolie ဟာဆိုရင်မိခင်ကောင်းတစ်ယောက်သလို ကျော်ကြားတဲ့ Hollywood Star တစ်ယောက်လဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာဆိုရင်တော့ Jolie ဟာသူရဲ့သမီးလေးနဲ့အတူ LA မြို့ကိုလည်ခဲ့ပါတယ်။ Jolie လဲ သူအဲ့သမီးလေးကို အချိန်တော်တော်ပေးတာပဲနော်....အမြဲတမ်းလိုလို သူတို့နှစ်ယောက် အပြင်အတူတူထွက်ကြတယ်။ သူမရဲ့အသက်ဟာ ၄၃နှစ်ရှိပြီဖြစ်ပြီး ခုချိန်ထိ Brad Pitt နဲ့အတူ ကလေးအုပ်ထိန်းခွင့်ရဖို့ မျက်နာချင်းဆိုင် တရားရုံးမှာ ရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

သူမဟာ အရင်လိုလှပနေတုန်းပဲနော်....သူမရဲ့သမီးဖြစ်သူ Vivienne ကလဲ သူ့အမေလက်ကိုဆွဲလိုမျက်နာကို ပြုါ်နေတာတွေ့ရပါတယ်။ တော်တော်ပျော်နေတယ်ထင်တယ်နော်....ကလေးမလေးကလဲ ချစ်စရာလေးပါပဲ။ စနေနေ့မှာဆိုရင်တော့ Jolie ဟာ သူသားဖြစ်သူ Pax နဲ့အတူ ဈေးဝယ်ထွက်ခဲ့ပါတယ်။ သူမဟာ အရင်ယောက်ျားဖြစ်သူ Bradd Pitt နဲ့အတူ ကလေး၆ယောက်ကို အပြန်အလှန် တစ်ယောက်တစ်ခေါက်ဆိ တွေ့နေကြရတာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၀၅ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်တဲ့ Mr & Mrs. Smith ကားရိုက်ကူးနေရင် ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ Pitt ဟာ Jennifer Aniston နဲ့အတူ ၂၀၀၀ကနေ ၂၀၀၅ခုနှစ်ထိ အိမ်ထောင်သက်တမ်းရှိခဲ့ပြီးနောက် ကွာရှင်းခဲ့ကာ Jolie နဲပ လက်ထပ်ခဲ့ကြပြီး ၂၀၁၆ခုနှစ်မှာ တရားဝင်လမ်းခွဲခဲ့ကြပါတယ်။ ယနေ့တိုင် ကလေးတွေကို အုပ်ထိန်းခွင့်ရဖို့ တရားရုံးမှာ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူတို့နှစ်ယောက်ဟာ စီးပွားရေးကို ယနေ့တိုင်တူတူလုပ်နတုန်းပါ။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။