ကဲ.... ဒီနေ့ကတော့ ဘယ်လိုပဲ ကြိုးစားကြိုးစား ကိုယ့် crush လေးက ကိုယ့်အပေါ်စိမ်းလွန်းနေတဲ့ Fa ကိုကိုတွေအတွက် ကိုယ်ချစ်ရတဲ့ကောင်မလေးကို ဘယ်လိုတွေ စိတ်ဝင်စားလာအောင် စကားစပြောရမယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။ ကိုယ့်ရဲ့ စကားတွေမှာ Crushလေးကို မျောပါသွားစေချင်တယ်ဆိုရင်တော့ အောက်က အချက်လေးတွေကို ဆက်ပြီး ဖတ်ကြည့်လိုက်ပါ။

(၁) သင့်ရဲ့ စိတ်ကို အရင် တည်ငြိမ်အောင်ထားပါ

ယောကျာ်းလေးအများစုက ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေရှေ့ရောက်ပြီဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ဇောချွေး တွေပါ ပြန်လာတတ်ကြပါတယ်။ မိန်းကလေးအများစုကလည်း ပြတ်ပြတ်သားသား ဟိုလိုလို ဒီလိုလိုလုပ်နေတဲ့ ကောင်လေးတွေကိုဆို ပိုပြီး ငြင်းဆန်တတ်တာကြောင့် အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားပြီး စမတ်ကျကျနေပြလိုက်ပါ။

(၂) ကိုယ့်ဘက်ကစပြီး သူမနဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေမေးပါ

နှစ်ယောက်တူတူရှိနေတဲ့ ချိန်မှာ ကောင်မလေးကပဲ စကားတွေအများကြီး ပြောနေရတယ်ဆိုရင်တော့ သိပ်မဟန်တော့ပါဘူး။ မိန်းကလေးအများစုက သူတို့ကို ဦးဆောင်နိုင်မယ် ကောင်လေးမျိုးကိုပဲ သဘောကျကြပါတယ်။ ဒါကြောင့် သူမ သင့်ကို စိတ်မပျက်သွားအောင် သူမရဲ့ ဝါသနာပဲ ဖြစ်ဖြစ် မိသားစုပဲ ဖြစ်ဖြစ် တစ်ခုခုကို စိတ်ဝင်စားဖို့ကောင်းအောင် မေးပြီး ဆွေးနွေးနိုင်ပါတယ်။

(၃) နိုင်ငံရေးအကြောင်းတွေနဲ့ ပတ်သတ်ပြီး မပြောသင့်ပါဘူး

နိုင်ငံရေးဆိုတာ ပြောရရင် အကြောင်းအရာက အရမ်းကို များပြားသလို နှစ်ယောက်သားသဘောထားကွဲလွဲမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ မိန်းကလေးအများစုကလည်း ချိုချိုသာသာစကားတွေလောက် နိုင်ငံရေးကို စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။

(၄) မလိမ်ပါနဲ့

မိန်းကလေးတွေ အကြိုက်ဆုံး ယောကျာ်းလေးကတော့ ရိုးသားတဲ့ ယောကျ်ားလေးပါ။ ဒါကြောင့် ဘယ်လို အကြောင်းပြချက်မျိုးနဲ့ မှာ သူမကို မလိမ်လိုက်ပါနဲ့။ တစ်ချိန်ချိန်မှာ သူမသိသွားနိုင်တာကြောင့် သင့်တို့ရဲ့ relationship လေးက ကြာကြာခံမှာမဟုတ်ပါဘူး။

(၅) သူမရဲ့ လစာကို လုံးဝမမေးပါနဲ့

သင့်မှာ သူမရဲ့ အလုပ်အကိုင်ကို မေးခွင့်ရှိပါတယ်။ ဒါပေမယ့် သူမရဲ့ လစာနဲ့ ပတ်သတ်ပြီးတော့ လုံးဝမမေ့သင့်ပါဘူး။ ဒီလိုမေးလိုက်တာက မိန်းကလေးတွေကိုအထင်အမြင်လွဲစေနိုင်တာကြောင့် မမေးသင့်ပါဘူး။

(၆) ရည်းစားဟောင်းအကြောင်းတွေကို အချင်းချင်းဖလှယ်လို့ရပါတယ်

ရည်စားဟောင်းတွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖလှယ်တာက သင်တို့ နှစ်ယောက်ကြားမှာ ရင်းနှီးမှုကို ပိုတိုးစေပေမယ့် အရမ်းအများကြီးတော့ မပြောသင့်ပါဘူး။ ကြာလာရင်တော့ ရည်စားဟောင်းတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေကို ခံစားရစေတာကြောင့် မပြောမိအောင် ဆင်ခြင်သင့်ပါတယ်။


(၇) ကိုယ့်ကိုယ်ကို မကောင်းမပြောပါနဲ့

ကိုယ့်ချစ်ရတဲ့ ကောင်မလေးရှေ့မှာ ကိုယ့်ရဲ့ မကောင်းကြောင်းတွေကို ပြောပြနေတာက သူမအတွက်စိတ်ဝင်စားစရာမကောင်းသလို သင့်ကို စိတ်ပျက်သွားစေနိုင်တာကြောင့် ကိုယ့်ရဲ့ ကောင်းကြောင်းလေးတွေကို ရွေးပြီး ပြောသင့်ပါတယ်။

(၈) နောက်ထပ်တွေ့ဖို့ အတွက် ကြိုပြီးတော့ မချိန်းပါနဲ့

နောက်ထပ်တွေ့ဖို့ ထပ်ချိန်းမယ့် စကားကို ကိုယ်က စပြောမယ့်အစားလက်ရှိအချိန်လေးမှာ သူမကို သဘောကျစေမယ့် စကားလေးတွေကို ပြောပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ကုန်ဆုံးသင့်ပါတယ်။

ခုကစပြီး ကိုယ့်ချစ်ရတဲ့ Crushလေးရှေ့မှာ စမတ်ကျပြီး အပြောကောင်းတဲ့ ကောင်လေးတစ်ယောက် အဖြစ် သင့်အနားမှာ ကပ်နေတော့မှာပါနော်။

Source: zoosk.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။