မယ်မဒီလေးတွေအများစုက အနှစ်နှစ်အလလက ကြာရှည်စွာ ထိန်းသိမ်းခဲ့ရတဲ့ ကိုယ့်ရဲ့ ဆံပင်လေးတွေကို ညှပ်ဖြစ်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုပါ။ အတို တစ်ခါ ညှပ်ပြီးပြီဆိုရင် ပြန်ရှည်လာဖို့ အချိန်တွေအကြာကြီး ထပ်ပြီး စောင့်ရတာကြောင့် ညှပ်ပြီးသွားမှ နောင်တတွေရတတ်ကြပါတယ်။ ဒါကြောင့် မယ်မဒီလေးတွေ နောင်တမရတဲ့ အပြင် ဆံပင်အတိုလေးနဲ့ပဲ အမြဲ နေချင်သွားမယ့် ဆံပင်အတိုလေးနဲ့ ကောင်မလေးတွေရဲ့ အားသာချက်လေးတွေကို ဖော်ပြပေးထာပါတယ်။

(၁) လက်ချောင်းလေးတွေက ဘီးပါ

ဆံပင်တိုတဲ့ကောင်မလေးတွေအတွက်ကတော့ သူတို့ရဲ့ လက်ချောင်းလေးတွေ အမြဲတမ်းအသုံးဝင်တဲ့ ဘီးလေးတွေပါပဲ။ ဘာဘီးမှ စောင်နေစရာ မလိုတော့တဲ့ အပြင် ဆံပင်တွေရှုပ်ပွနေရင် လက်ကလေးနဲ့ သပ်လိုက်တာနဲ့ ပုံစံမပြတ်လှပနေမှာပါ။

(၂) ဆံပင်တွေ ရှုပ်မှာ မစိုးရိမ်ရတော့ဘူး

မနက်ဆိုရင် ဆံပင်ကိုအချိန်ပေးပြီး ပြင်ဆင်ရတဲ့ အချိန်နည်းသွားတဲ့ အပြင် ယခင်ကလို ဆံပင်ရှုပ်တာတွေမရှိတော့တာကြောင့် ဆံပင်အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

(၃) ခေါင်းလျော်ပြီးတိုင် ဆံပင်အခြောက်မြန်ခြင်း

ခေါင်းလျော်ပြီးတိုင်း ဆံပင်အရှည်ကြီးကို ခြောက်အောင် လုပ်ဖို့က နာရီနဲ့ ချီပြီးတော့ ကြာပါတယ်။ ဆံပင်တိုတဲ့ ကောင်မလေးတွေကတော့ ဒီအတွက် လုံးဝစိတ်ပူစရာမလိုတဲ့ အပြင် အခြောက်ခံစက် မသုံးပဲနဲ့ လည်း အချိန်ခဏလေးအတွင်း ဆံသားတွေကို ခြောက်သွေ့စေပါတယ်။

(၄) ဆံပင်မွှေးတွေက သင့်ရဲ့ မျက်နှာတွေ ပါးစပ်တွေထဲကို မဝင်နိုင်တော့ပါဘူး

လုံးဝသိသားသွားတာက ကားစီးတဲ့ အခါမျိုးတွေမှာဆိုရင် ဆံပင်ရှည်တဲ့ သူတွေ ဆံပင်မွှေးတွေ မျက်နှာကို ရိုက်ခတ်မိတာ ပါးစပ်ထဲကို ဝင်တာတွေဖြစ်တဲ့ အပြင် ဘယ်လိုမှရှင်းလို့ မရတော့အောင် ရှုပ်သွားတတ်ပါတယ်။ ဒီပြဿနာတွေက ဆံပင်တိုတဲ့ ကောင်မလေးတွေမှာလုံးဝတွေ့ရမှာ မဟုတ်တဲ့ ပြဿနာတွေပါ။

(၅) ပိုပြီး ကျန်းမာ လှပတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်ခြင်

သင့်ဆံပင်လေးတွေက တိုသွားတာကြောင့် ယခင်ကလို ဘီးတွေကြောင့် ဆံပင်ကျွတ်ထွက်တာတွေ အဖြာနှစ်ခွဖြစ်တာတွေရှိမှာ မဟုတ်တော့တဲ့ အပြင် ဆံပင်လေးတွေက ပျက်စီးမှုနည်းလာတာကြောင့် ပိုပြီးတော့ လှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ဒီလောက်ဆိုရင် ဆံပင်အတိုအလန်းလေးတွေနဲ့ အရမ်းမိုက်တဲ့ ကောင်မလေးတွေဖြစ်အောင် ဆံပင်အတိုလေးညှပ်ဖို့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလိုက်လို့ရပြီနော်။

Source: theodysseyonline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။