သင်က သူများတွေနဲ့ ယဉ်ရင် အရပ်ပုတဲ့ ကောင်မလေးတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး လုံးဝကို အားငယ်စရာမလိုတော့ပါဘူး။ ဘာလို့လဲ ဆိုရင် အရပ်ပုတာလေးကိုက သင့်ရဲ့ မဟာ အားသာချက်ကြီးတစ်ခုဖြစ်နေလို့ပါ။ လူတိုင်းမှာ အလှကိုယ်စီရှိကြတာကြောင့် အရပ်ပုတဲ့သူလေးတွေကလည်း ဘာမှ သိမ်ငယ်နေစရာမလိုသလို အရပ်ရှည်အောင်လည်း ကြိတ်ပြီး ကြိုးစားနေစရာ လုံးဝမလိုတော့ပါဘူး။ သင့်အရပ်ပုတာက ဘယ်လောက်တောင် သင့်အတွက်ကောင်းလည်းဆိုတာ အောက်မှာဖော်ပြထားတဲ့ အချက် (၆) ချက်ကို ဆက်ပြီးတော့ ဖတ်ကြည့်လိုက်ပါ။

(၁) သင့်ကို အမြဲ ငယ်ရွယ်တဲ့ ပုံပေါ်စေတယ်

သူများတွေအသက်တွေ တဖြည်းဖြည်းကြီးသွားလို့ အရမ်းကြီးပြောင်းလဲ သွားကြပေမယ့် အရပ်ပုတဲ့ ကောင်မလေးတွေကတော့ ဘယ်ချိန်ကြည့်ကြည့် ငယ်ရွယ်ပြီး လှနေတာကြောင့် အများက ကြိတ်ပြီးအားကျတာ ခံနေရသူလေးတွေပါ။

(၂) အရပ်ရှည်တဲ့ ကောင်လေးတွေကို ပိုင်ဆိုင်ရတယ်

စဉ်းစားကြည့်လိုက်ပါ..။ စုံတွဲတစ်တွဲမှာ မိန်းကလေးက အရပ်ရှည်နေရင် ဘယ်လိုမှ ကြည့်လို့ မလိုက်ဖက်ပါဘူး။ သင့်မှာတော့ ဒီပြဿနာတွေ လုံးဝမရှိပါဘူး။ ကောင်လေးတွေအများစုက သူတို့ထက် အရပ်ပုတဲ့ ကောင်မလေးတွေကို ပိုပြီး သဘောကျကျတာကြောင့်ပါ။

(၃) ကြိုက်တဲ့ ဒေါက်မြင့်ဖိနပ်ကို စီးလို့ရပါတယ်

အရပ်ပုတဲ့ ကောင်မလေးတွေက ထွက်လာသမျှကြိုက်တဲ့ ဒေါက်မြင့် ဖိနပ်ကို မဆိုစီးလို့ရပြီး အလန်းဆုံး နေလို့ရပါတယ်။ သူများတွေလို အရမ်းကြီး အရပ်ရှည်သွားမျိုးမရှိပဲ ဒေါက်မြင့်ဖိနပ်လှလှလေးတွေနဲ့ အပြတ်လန်းလို့ရတယ်နော်။

(၄) အမြင့်တက်တဲ့ နေရာတွေမှာ ကျွမ်းကျင်လာမယ်

အရပ်ပုတဲ့ ကောင်မလေးတွေက အမြင့်မှာထားတဲ့ အရာတစ်ခုခုကို လိုချင်ရင် ကိုယ်တိုင် စင်ပေါ်ကို တက်ယူရတာကြောင့် အရိုးအဆစ်တွေကို ကြံခိုင်စေဖို့အတွက် လေ့ကျင့်ခန်းသီးသန့်လုပ်နေစရာလုံးဝမလိုတော့ပါဘူး။ အလေ့အကျင့်များလာရင်တော့ တောင်တက်တောင် ကျွမ်းကျင်သွားနိုင်ပါတယ်။

(၅) အသက်ရှည်ရှည်နေရတယ်

လုံးဝအမှန်ပါနော်။ လေ့လာတွေ့ရှိချက်တွေအရ အရပ်ရှည်တဲ့ သူတွေထက် အရပ်ပုတဲ့သူတွေက ပိုပြီးအသက်ရှည်ရှည်နေရပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေမှာ သားအိမ်ကင်ဆာ၊ အူမကြီး ကင်ဆာနဲ့ အခြား ကင်ဆာ ဆဲလ်တွေ ဖြစ်ပွားနိုင်ခြေနည်းတာကြောင့် အသက်ပိုပြီး ရှည်ရှည်နေနိုင်ပါတယ်။

(၆) ဖက်ရှင်အလန်းတွေ ဝတ်လို့ရတယ်

အရပ်ပုတဲ့ ကောင်မလေးတွေက ဘယ်လို အတိုလေးတွေပဲ ဝတ်ဝတ်အရမ်းကို ကြည့်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့အပြင် အခြားသူတွေလို စကပ် အရမ်းတိုနေမှာကိုလုံးဝစိတ်ပူစရာမလိုတော့ပါဘူး။ ဒါကြောင့် အများကြားမှာ သူများတွေထက်ထင်ပေါ်ပြီး ထူးခြား နေတဲ့ သူလေးဖြစ်နေမှာပါ။

ဒီနေ့ကစပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ် အခြားသူတွေကြားမှာ ရဲရဲဝံ့ဝံ့နဲ့ ပျော်ရွှင်စရာ ဘဝလေးကို ဖြတ်သန်းလိုက်ပါ။

Source: theodysseyonline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။