ပရိသတ်ကြီးရေ အိန္ဒယနိုင်ငံ အတွင်းထဲမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူကို မကျေနပ်တဲ့အမျိုးသားတစ်ဦးက သူမရဲံ လေးနှစ်အရွယ် သမီးလေးကို သတ်ဖြစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

၎င်းအမျိုးသားအခုလို သတ်ဖြတ်ရတဲ့အကြောင်းရင်းကတော့ ကလေးလေးရဲ့ မိခင်ဖြစ်သူဟာ သူ့ကို လူကြားထဲမှာ အော်ဟစ်ပြောဆိုပြီး အရှက်ခွဲခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

၎င်းအမျိုးသား ကလေးလေးကို သတ်ခဲ့ပုံကတော့ မိခင်ဖြစ်သူ အမျိုးသမီး အလုပ်ရှုပ်နေတဲ့အချိန်မှာ ကလေးငယ်လေးကို အိမ်ထဲဝင်ခိုးကာ သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပြီးသတ်ပစ်ခဲ့တာဖြစ်ပါတယ်။

၎င်းအမျိုးသားဟာ ကလေးငယ်လေးကို မသတ်ခင်မှာဆိုရင်လည်း အရင်ဆုံ အဓမ္မပြုကျင့်ခဲ့သေးသလို သတ်ပြီးတဲ့နောက်မှာလည်း မီးဖိုချောင်သုံးဓားနဲ့ ကလေးငယ်လေးရဲ့ခေါင်းကိုဖြတ်ပစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၎င်းအမျိုးသားဟာ ခေါင်းဖြတ်ရုံနဲ့တင်အားမရဘဲ ဘယ်သူဘယ်ဝါမှန်းမသိစေဖို့အတွက် အရေခွံပါ ခွာပစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ မိခင်ဖြစ်သူဟာ သူမရဲ့သမီးလေး ပျောက်ဆုံးနေတာကို သတိထားမိပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှ နောက်ဆုံးသူမနဲ့ စကားများခဲ့တဲ့ အိမ်နီးချင်းအမျိုးသားကို သတိရပြီး အိမ်ထဲကို ဝင်စစ်ဆေးရာမှ လူသတ်တရားခံ အမျိုးသားကို ဖမ်းမိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မိခင်ဖြစ်သူအမျိုးသမီးဟာ အရေခွံခွာထားခံရတဲ့ သမီးလေးရဲ့ ခန္ဓာကိုယ် အဖြတ်ခံထားရတဲ့ ခေါင်းတို့ကိုတွေ့ပြီး ရူးမတတ်ခံစားနေရပါတယ်လို့သိရပါတယ်။

မည်သို့ပင်ဆိုစေကာမူ လူသတ်တရားခံအမျိုးသားရဲ့ မိခင်ကို မုန်းတဲ့စိတ်နဲ့ အပြစ်မရှိတဲ့ ကလေးငယ်လေးကို ဒီလောက်ထိရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကြီးက တကယ့်ကိုပဲကြောက်စရာကောင်းလှပါတယ်။

SOURCE _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။