ပရိတ်သတ်ကြီးရေ နန္ဒာလှိုင်ကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး မိသားစုအတွက်သာ အချိန်ပေးပြီး စီးပွားရေးကိုသာ အာရုံစိုက်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ တစ်ခေတ်က အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်လည်း ယခုချိန်ထိ ပရိတ်သတ်တွေရဲရင်ထဲမှာ နေရာယူနေဆဲပါပဲနော်။နန္ဒာလှိုင်က ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် ကြိုးကြိုးစားစား သရုပ်ဆောင်တာဖြစ်လို့ အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ မိသားစုဘဝလေးဟာဆိုရင်လည်း ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်နဲ့ ချစ်ခင်ပွန်းရယ်နဲ့အတူ ပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့ မိသားစုက အလှူအတန်းတွေကိုဆိုရင်လည်း ကြီးကြီးကျယ်ကျယ်နဲ့ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းကြတာပါနော်။နန္ဒာလှိုင်က စိတ်သဘောထားဖြူစင်မွန်မြတ်ပြီး သဘောကောင်းသူလေးဖြစ်လို့ လူချစ်လူခင်ကတော့ ပေါများပါတယ်။

အခုဆိုရင် နန္ဒလှိုင်က သူမရဲ့ စိတ်ခံစားချက်တစ်ခုလေးကို "တချိန်ကပတ်သက်ခဲ့ဖူးတဲ့သူဆိုတာရန်သူမဟုတ်သလိုချစ်သူလဲမဟုတ်တော့ပါဘူး သူငယ်ချင်းလဲမဖြစ်နိုင်တော့သလိုတိုက်ခိုက်နေစရာလဲမလိုပါဘူး ပြီးတော့ကိုယ်အဲလောက်မအားပါဘူးကွယ်" ငယ်ရွယ်တုန်းကကိစ္စနဲ့ပတ်သက်ပြီး ယခုချိန်မှာဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အားလုံးသိအောင်ဝေမျှထားပါတယ်နော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။