ဒီနေ့ဟာဆိုရင်တော့ BTS အဖွဲဝင်တစ်ယောက်ဖြစ်တဲ့ J-Hope ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနေ့မှဆိုရင်တော့သူဟာ အလှူအတန်းတစ်ခုအနေနဲ့ $89,000 ကိုပညာရည်ချို့တဲ့နေတဲ့ကျောင်းသားတွေကို လှူခဲ့ပါတယ်။ အခုလိုသူမွေးနေ့မှာ လှူဒါန်းရတဲ့အတွက် အရမ်းကိုပဲ သူဟာဂုဏ်ယူနေပါတယ်။ ပရိသတ်တွေနဲ့လဲ သူဟာ တွေ့ဆုံခဲ့ပြီး ဖျော်ဖြေပေးခဲ့ပါသေးတယ်။ မွေးနေ့မှာ အဲ့လိုလုပ်ရတာ အရမ်းကိုမွန်းမြတ်ပြီး ပျော်စရာကောင်းပါတယ်။

J-Hope ဟာ ဒီဇင်ဘာ ၂၀ရအ်နေ့တုန်းကလဲ $133,000 လှူဒါန်းခဲ့ပါသေးတယ်....တော်တေ်ာကို အလှူအတန်းလုပ်တဲ့သူပါလားနော်။ " ကျွန်တော်အခုလိုလှူတန်းတာဟာ ချို့တဲ့နေတဲ့ ကလေးတွေကို အဘက်ဘက်မှာ ဖြစ်မြောက်စေချင်လို့ပါ....သူတို့ရဲ့အိမ်မက်တွေကို တကယ့်လက်တွေ့ အကောင်းအထည်ဖော်နိုင်ဖို့အတွက် ကျွန်တော် လှူဒန်းတာပါ....ပျော်ပါတယ် တော်တော်ကိုပေါ့....သူတို့လေးတွေရဲ့ အိမ်မက်တွေ တကာ်ဖြစ်လာရင် ပိုပျော်မိမှာပါ " လို့ပြောခဲ့ပါတယ်။

သူရဲ့အခုလိုလှူဒန်းမှုကိုကြည့်ပြီး တချို့သောသူတွေအပြင် တချို့သော companyတွေကလဲ အတုယူအားကျခဲ့ပါတယ်။ " အခုလိုသူဟာ လိုအပ်နေတဲ့ ကလေးတွေကို ကူညီထောက်ပံပေးတာ အရမ်းကို ဂုဏ်ယူစရာ လုပ်ရပ်တစ်ခုပါ....ကျွန်တော်တိုတွေလဲ အခုလိုမျိုး လိုအပ်နေတဲ့ ကလေးတွေကို ကူြီထောက်ပံပေးသွားမှာပါ....ကျွန်တော်တို့လဲ ဒီနည်းလမ်းကိုပဲလိုက်မှာပါ "လို့ Company တစ်ခုကပြောပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ.....Happy Birthday J-Hope!....။

Source : Sompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။