မော်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ကတော့ ပရိသတ်တွေကို အမိုက်စားပုံစံတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ သူရဲ့ မျက်နှာက မိန်းကလေးတွေရဲ့ အသည်းကိုနှုတ်ယူနိင်လောက်အောင် ဆွဲဆောင်မှုပြည့်ဝပါတယ်။ Gym လည်းကစားတာကြောင်တောင့်တင်းသန်မာတဲ့ Body မျိုးနဲ့ စတိုင်ကျတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိShaw Brother Pictures Internation Ltd rS မှရိုက်ကူးတဲ့ "Line Walker-2 "ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးခဲ့ပြီး မြန်မာသရုပ်ဆောင်တွေဖြစ်ကြတဲ့ လင်းအော်ခေတ် အောင်မြင့်မြတ်တို့လဲ ပါဝင်သရုပ်ဆောင်နေကြပါတယ်။ ယနေ့မှာတော့ လင်းအောင်ခေတ်တစ်ယောက် Line Walker2 နိုင်ငံခြားရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ဆံပင်တွေကို ညှပ်လိုက်ပါတယ်။

လင်းအောင်ခေတ်ကတော့ " Line Walker 2 ဇာတ်လမ်းတွဲ အတွက် ဆံပင်တော့ ညှပ်လိုက်ရပြီ.. နောက်နေ့ တွေ shooting မှာ ပုံ ရိုက်လို့ မရလို့ ခဏတော့ ပျောက်မယ်နော်..မေ့မသွားနဲ့ အုံး. " ဆိုပြီး လူမှု့ကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

source: လင်းအောင်ခေတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။