ထူးထူးခြားခြား အများနဲ့မတူတဲ့ ဆံပင်ထောင်ထောင်လေးတွေကို ပိုင်ဆိုင်ထားရတဲ့ ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ အရမ်းကို လူချစ်လူခင်ပေါများတဲ့ ကလေးလေးတစ်ယောက် ဖြစ်သလို တစ်မိသားစုလုံးရဲ့ သည်းသည်းလှုပ် ချစ်ခင်ခြင်းကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ အဘိုးဖြစ်သူ ဦးလွင်မိုးနဲ့ရော အဖေဖြစ်သူ ထက်ဦးလှိုင်နဲ့ပါ ရုပ်ချင်းဆင်တူတဲ့ Liam လေးကိုတော့ ဘိုးဘိုးနဲ့ ဖေဖေ့နာမည်ပါအောင် "လွင်ထက်" လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

မကြာသေးခင်မှ အသက်(၆) လပြည့်သွားခဲ့တဲ့ Liam လေးက ကျန်းမာသန်စွမ်းတဲ့ ကလေးလေးအဖြစ် တစ်ဖြည်းဖြည်း ဖွံ့ဖြိုးကြီးထွားလာတာ ဖြစ်ပါတယ်။ Liam လေးရဲ့ ဆံပင်လေးတွေကို အသည်းယားကြတဲ့ ပရိသတ်တစ်ချို့ကတော့ သားလေးကို ဆံပင်ညှပ်ပေးဖို့ မေမေယွန်းဆီ တာင်းဆိုလေ့ရှိကြပါတယ်။ အခုဆိုရင်တော့ Liam လေးက ဆံပင်လေးတွေညှပ်လိုက်ပြီး စတိုင်အသစ်လေးနဲ့ တစ်မူထူးခြားစွာ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။

အခုလည်း မေမေယွန်းက သားလေးရဲ့ ဗီဒီယိုဖိုင်အသစ်လေးကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။ ဆံပင်စတိုင် အသစ်လေးနဲ့ အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းနေတဲ့ Liam လေးရဲ့ အမူအရာလေးတွေကလည်း အရမ်းကို အသည်းယားစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်အသစ်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

source:yunwaddy;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။