ဒါရိုက်တာသားညီရိုက်ကူးတဲ့ " ရင်ခွင်ရှင်းတမ်း " ဇာတ်လမ်းတွဲဟာ လက်ရှိမှာ ရိုက်ကူး နေဆဲဖြစ်ပြီး အနုပညာရှင်များစွာလည်း ပါဝင်အားဖြည့်ထား ပါတယ်။ အဓိကသရုပ်ဆောင် တွေအဖြစ်နဲ့ ဟိန်းဝေယံနဲ့ မအေးသောင်းတို့က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေစိတ်ဝင် စားမယ့် ဇာတ်ကား ကောင်း တစ်ကားဖြစ်လာမှာ အသေအချာပါပဲ။ ဝါရင့်သရုပ်ဆောင် တွေဖြစ်ကြပြီး ပရိသတ်အားပေးမှုကို ရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။ အပျိုကြီးမမ မအေးသောင်းနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ဟိန်းဝေယံတို့နှစ်ယောက်သား ဒီကနေ့မှာတော့ ရိုက်ကွင်းထက်မှာ ကျရာဇာတ်ရုပ်အပေါ် တာဝန်ကျေပွန်နေကြတာပဲ ဖြစ် ပါတယ်။

ဒီဇာတ်ကားလေးဟာ Drama ဇာတ်ကားလေးဖြစ်ပြီး ကြည့်ရှုသူတိုင်းရဲ့ ရင်ထဲကိုရောက်မယ့် ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ သေချာ သလောက်ရှိပါတယ်။ အပိုင်းဆက်တွေနဲ့ ဇာတ်ကားလေးမို့ ပရိသတ်တွေရဲ့စိတ်အစဉ်ကို ဘယ်လိုတွေဆွဲဆောင်ခေါ်ယူသွားမယ်ဆိုတာ တော့ ထုတ်လွှင့်တဲ့အချိန်ကျရင် ပရိသတ်ကြီးမြင်တွေ့ရမှာပါ။ အချစ် အလွမ်း ဇာတ်လမ်း လေးဖြစ်ပြီး ဒီကနေ့ဇာတ်ဝင်ခန်းလေးကတော့ နှစ်ယောက်သား ဝေးသွားကြတဲ့ ဇာတ်ဝင် ခန်းလေးပဲဖြစ်ပါတယ်။

ဒီဇာတ်ဝင်ခန်းလေးကို မအေးသောင်းတစ်ယောက် " ရေစက်ပါလို့ ဆုံရတယ်ဆိုတဲ့ နောက် မှာ ခွဲခွာခြင်း ဆက်ချစ်နေရခြင်း ဆိုတဲ့ ဝဋ်ကြွေးတွေအများကြီးကပ်ပါလာတာ သိမှမသိ လိုက်ပဲ။ အချိန်တွေက ကုစားသွားမှာပါလေ.. " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သူမတို့ နှစ်ယောက်ရဲ့ ရိုက်ကွင်းထက်က ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။