အနုပညာလောကအပြင် ပရိသတ်တွေရဲ့အားကျချစ်ခင်မှုတွေနဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားကြတဲ့ ပြည်သူအချစ်တော် Idol Couple လေးကတော့ အဆိုတော် G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အားလုံးက အားကျချစ်ခင်ရသလို ဝါသနာတူ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့အတိုင်း ရှေ့သွားနောက်လိုက်နဲ့ အမြဲလိုက်ဖက်ညီပြီး ရိုမန်တစ်ဆန်တဲ့ အချစ်ပုံရိပ်လေးတွေနဲ့လည်း ဖမ်းစားတတ်ပါသေးတယ်နော်..။

တိရစ္ဆာန်လေးတွေအပေါ်မှာလည်း ချစ်ခင်သနားတတ်တဲ့ ပရိသတ်အချစ်တော် သူတို့စုံတွဲလေးကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့ အသည်းတွေကို ထပ်မံခြွေယူလိုက်ပြန်ပါတယ် ပရိသတ်ကြီးရေ..။

G-Fatt နဲ့နန်းဆုတို့စုံတွဲလေးကတော့ လမ်းသွားရင်း လမ်းမကြီးတစ်နေရာမှာ ကားတိုတ်ခံလိုက်ရတဲ့ သနားစရာခွေးလေးကို G-Fatt က စာနာစိတ်စေတနာအပြည့်နဲ့ ကိုယ်တိုင်ဆင်းကယ်ခဲ့ကြတာ ဖြစ်ပါတယ်နော်..။

ကားတိုက်ခံရလို့ နေရာမှာတင်မထနိုင်တဲ့ ခွေးလေးကိုနောက်ကားတွေ တတ်ကြိတ်မှာစိုးလို့ G-Fatt က သူငယ်ချင်းတွေနဲ့အတူ ကိုယ်တိုင်းဆင်းကယ်ခဲ့တာဖြစ်ပြီး နန်းဆုလေးက ဗီဒီယိုလေးရိုက်ထားတာမို့ သူတို့စုံတွဲလေးနဲ့ သူငယ်ချင်းတစ်စုရဲ့ စိတ်သဘောထားလေးတွေကို ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ Myanmarload မှ ချစ်ပရိသတ်တွေအတွက်လည်း ကားတိုက်ခံလိုက်ရတဲ့ သနားစရာခွေးလေးကို ကားတွေကြားကနေ စိတ်စေတနာအပြည့်နဲ့ သွားကယ်နေကြတဲ့ G-Fatt တို့ စုံတွဲလေးရဲ့ ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းဆုရတီစိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။