အာစီယံယူ၂၂ချန်ပီယံရှစ်ပြိုင်ပွဲတွေကိုမနေ့ကစပြီးကမ္ဘောဒီးယားနိုင်ငံမှာစတင်ကျင်းပနေတာဖြစ်ပါတယ်။ဒီနေ့ညနေ၃နာရီမှာတော့မြန်မာယူ၂၂အသင်းနဲ့အင်ဒိုနီးရှားအသင်းတို့ကအုပ်စု(ခ)ရဲ့အဖွင့်ပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။အဆိုပါပွဲစဉ်မှာတော့တစ်ဖက်တစ်ဂိုးစီနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

နည်းပြသစ်ရဲ့လက်ထက်မှာပြင်ချိန်ချိန်သာနည်းပေမယ့်မြန်မာအသင်းကတော့အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်။မြန်မာအသင်းရဲ့လူငယ်ကစားသမားတွေကလည်းဒီနေ့ပွဲမှာအကောင်းဆုံးကစားပြီးအင်ဒိုအသင်းကိုဖိအားပေးနိင်ခဲ့ပါတယ်။ကွင်းရဲ့မြက်ခင်းကြောင့်ကစားတာအနည်းငယ်အခက်ခဲရှိပေမယ့်ပွဲကစားပြီး၁၅မိနစ်လောက်မှာမြတ်ကောင်းခန့်ရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။နှစ်သင်းလုံးကတော့အပြန်အလှန်ထိုးဖောက်ရင်းပွဲကစားချိန်၄၀မှာတော့ချေပဂိုးပြန်ပေးလိုက်ကပြီးပထမပိုင်းအပြီးတစ်ဖက်တစ်ဂိုးစီနဲ့သရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲစတယ်ဆိုတည်းကမြန်မာအသင်းကအနိုင်ဂိုးရဖို့ဖိအားပေးခဲ့ပေမယ့်ကွင်းရဲ့မြက်ခင်းကြောင့်အပျက်တွေများနေခဲ့ပါတယ်။နှစ်သင်းလုံးကတော့ထိရောက်တဲ့ပံ့ပိုးမှုတွေမလုပ်နိုင်တာကြောင့်ကွင်းလယ်မှာပဲအပြတ်များနေတာပါ။နောက်ဆုံးအချိန်ထိကြိုးစားကစားကြပေမယ့်ဂိုးတွေသွင်းယူနိုင်ခြင်းမရှိတာကြောင့်တစ်ဖက်တစ်ဂိုးနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။