ချစ်ပရိတ်သတ်ကြီးရေ... ကမ္ဘာပေါ်မှာ သဘာဝအတိုင်း ဘာနဲ့မှမစားထိုးမရအောင် လှပတဲ့နေရာတွေဆိုတာအများကြီးပါနော်။ တစ်ချို့ဖြစ်တည်မှုတွေက အံ့သြဖို့ကောင်းသလို အချို့ကကျတော့ သာမန် လှတယ်ဆိုရုံနေရာလေးတွေပါပဲ။ဒါပေမယ့် သဘာဝတရားဆိုတာက မပြုပြင်လည်းလှပြီးသားဆိုတာတော့ လက်ခံရလိမ့်မယ်။ ဒါကိုလူတွေပြုပြင်ပြောင်းလဲလိုက်တဲ့အခါ ပိုလှသွားလား ဒါမှမဟုတ်ပုံပဲပျက်သွားလား ကြည့်လိုက်ရအောင်နော်။

Fabien Barrau ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်ကဒီ ဇာတ်လမ်းကိုစခဲ့တာပါနော်။ အရမ်းကိုစိတ်ကူးဉာဏ်ကောင်းလွန်းခဲ့တယ်ပဲပြောရမလား ။ သဘာဝတရားဟာ သူ့ဘာသာလည်း လှတယ်ဆိုပေမယ့် သိပ်တော့မပေါ်လွင်ပါဘူးနော်။ဒါပေမယ့် လူသားတွေပြင်ဆင်ပြောင်းလဲမှုလေး အနည်းအကျဉ်းပြုလုပ်လိုက်တဲ့ အခါမှာတော့ သြချရလောက်ကို လှပပြီးရှုချင်စဖွယ်ဖြစ်ခဲ့ပါတယ်နော်။

ကဲ... ပရိတ်သတ်ကြီးလည်းမြင်ကြတဲ့အတိုင်းပဲ ဟာကနဲဟင်ကနဲ ဖြစ်သွားရလောက်အောင်ကိုလှပသွားခဲ့တာပါနော်။ သဘာဝတရားဆိုတဲ့ ခေါင်းစဉ်အောက်နေလည်း ခွဲထွက်မသွားသလို ပိုပြီးလည်းလှပသွားခဲ့ပါတယ်။တစ်ချို့နေရာလေးတွေဆို ကိုယ်ချစ်ရတဲ့ သူလေးကို လက်ဆွဲပြီးအပြတ်Roလို့ရတဲ့နေရာလေးတွေပါပဲနော်။ ကဲ... ထူးထူးခြားခြားပြောင်းလဲသွားခဲ့တဲသဘာဝတရားရဲ့အလှပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : boredpanda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။