ပရိသတ်ကြီးရေ.. လတ်တလော ပြည်သူပရိသတ်တွေနဲ့ လူမှုကွန်ယက်မှာ ရေပန်းစားလူပြောများနေတဲ့ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Line Walker -2 ကတော့ မြန်မာနိုင်ငံမှာ စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်နော်..။

ဟောင်ကောင်ရဲ့နာမည်ကျော် Line Walker -2 ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကမ္ဘာကျော်အနုပညာများနဲ့အတူ မြန်မာနိုင်ငံမှ ပြည်သူ့အချစ်သူ့မင်းသားချောနှစ်ဦးဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ကလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ Line Walker -2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ယနေ့ဖေဖော်ဝါရီ(၁၈)ရက်နေ့မှာတော့ ရွှေတိဂုံဘုရားအရှေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး မနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိ ရိုက်ကူးခဲ့ကြတာ တွေ့ရပါတယ်..။

အမိုက်စားရိုက်ကူးနေကြတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ယနေ့ရိုက်ကွင်းမှာတော့ ကမ္ဘာကျော် အနုပညာရှင်များနဲ့အတူ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ကလည်း အမိုက်စားသရုပ်ဆောင်ရိုက်ကူးနေကြတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

လူကုန်ကူးမှုတိုက်ဖျက်ရေး နှိမ်နင်းမှု ဇာတ်လမ်းဖြစ်တဲ့ Line Walker -2 ဇာတ်ကားကတော့ ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်မှုတွေကို ပုံဖော်ထားပြီး ဟောင်ကောင်ဂျာနယ်လစ်တစ်ဦးက ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့ကို သတင်းကိုရရှိခဲ့ပြီး ရှာဖွေနေတဲ့ ဂျာနယ်လစ်ကို ကာကွယ်ပေးဖို့နဲ့ ဟောင်ကောင်ကို ပြန်လည် ပို့ဆောင်ပေးဖို့အတွက် ကြိုးစားသည့် စစ်ဆင်ရေးတစ်ခုကို ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပူးပေါင်းကိုင်တွယ်ဖြေရှင်းပုံတွေကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်..။

ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တစ်ချို့ကိုလည်း ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ရိုက်ကူးသွားမှာဖြစ်သလို နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးလေ့ရှိတဲ့ ပုံစံအတိုင်း အချိန်သတ်မှတ်ချက်များနဲ့ လမ်းများပိတ်ပြီး ရိုက်ကူးခြင်း၊ လမ်းလွဲများ ပြုလုပ်ပြီး ရိုက်ကူးခြင်း၊ သေနတ်အစစ်များ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဖောက်ခွဲခြင်း၊ ကားများ အချင်းချင်း ပွတ်တိုက်ခြင်း၊ ရဟတ်ယာဉ်များ သုံးစွဲပြီးပစ်ခတ်ခြင်း၊ ရဲကားများ၊ အထူးရဲတပ်ဖွဲ့ဝင်ကားများ အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ အက်ရှင်ဇာတ်ကားကောင်း တစ်ကားအဖြစ် ရိုက်ကူးသွားမှာမို့ တကယ့်ကို ဇာတ်ကားကောင်းကြီး တစ်ကားပါပဲနော်..။

Photo - အောင်မြင့်မြတ်၊ လင်းအောင်ခေတ်၊ Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။