မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်တစ်ယောက် မွန်းကျပ်တဲ့မြို့ပြကနေထွက်ခွာခဲ့ပြီး သီးပင်စားပင်တွေရှိတဲ့ခြံလေးထဲမှာ ချစ်စဖွယ်ဓာတ်ပုံ လေးတွေရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သနပ်ခါးလေးလူးပြီး မြန်မာဝတ်စုံလေးကို ဆင်မြန်းထားတဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုကျက်သရေ ရှိလွန်းနေပါတယ်။ သူမရဲ့ချစ်သူ အဆိုတော်သားဂန်းဟာဆိုရင်လည်း သူမကိုသိပ်ချစ်ပြီး စိတ်ချမ်းသာအောင်ထားတတ်သူမို့ ဘေဘီတစ်ယောက် ပျော်ကြီးပျော်ပြီး အရင်ကထက်တောင်ပိုပြီးလှလာပါသေးတယ်။

ရိုးသားကြိုးစားပြီး ချစ်သူကိုလည်း သိပ်ချစ် သိပ်ဂရုစိုက်တတ်တဲ့ သားဂန်းလို လူမျိုးကို ပိုင်ဆိုင်ရတဲ့သူမအဖို့တော့ အတော်လေးကို ကျေနပ်စရာ ကောင်းတဲ့ Relationship လေးကို ပိုင်ဆိုင်ထားရတယ်လို့ဆိုနိုင်ပါတယ်။ သူမတို့ရဲ့ချစ်သက်တမ်းဟာလည်း သိပ်မကြာသေးပေ မယ့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအချစ်တွေနဲ့ လက်တွဲထားခဲ့တာဖြစ်လို့ ရှေ့ဆက်ပြီး ပိုကောင်းတဲ့အနာဂတ်ဟာ သူမတို့အတွက် အသင့်စောင့်ကြိုနေမှာ အသေ အချာပါပဲ။

ချစ်စရာကောင်းပြီး အေးချမ်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို " ရိုးရှင်းသောဘဝရဲ့ရှင်သန်မှု့ တိုက်ခန်းတွေမွန်းကျပ်လွန်းလို့ ခြံလေးထဲမှာ တစ်ခါတလေလတ်ဆတ်သောအသီးနှံလေး တွေနဲ့ပျော်စရာ " ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာမို့ ပရိသတ်ကြီးအတွက် ပြန် လည်တင်ဆက် ပေးလိုက်ပါတယ်နော်။

Photo - Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။