လက်ရှိမြန်မာပြည်မှာလာရောက်ရိုက်ကူးနေတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားဖြစ်တဲ့ Line Walker2 ဇာတ်ကားမှာ မြန်မာပြည်ရဲ့ မော်ဒယ်သရုပေ်ဆာင်တစ်ဦးဖြစ်တဲ့ လင်းအောင် ခေတ်တစ်ယောက် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာ ကျော် ဇာတ်ကားတစ်ကားဖြစ်ပြီး ပထမ Line Walker 1 မှာကတည်းက ပရိသတ်တွေအထူး အားပေးမှုရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ လက်ရှိမှာတော့ မြန်မာပြည်က လမ်းတစ်ချို့ကိုပိတ်ပြီး အသေအချာ အကျအန လာရောက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ကမ္ဘာကျော်ဇာတ်ကားဖြစ်တာနဲ့အညီ ကုန်ကျစားရိတ်အမြောက်အများနဲ့ အသေအချာ စွန့်စားပြီးရိုက်ကူးထားတာမို့ ရိုက်ကွင်းကို စိတ်ဝင်စားပြီး လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

ဒီဇာတ်ကားထဲမှာ လင်းအောင်ခေတ်တစ်ယောက် ပါဝင်ခဲ့တဲ့ အဓိကအကြောင်းအရင်း က တော့ သူကစားခဲ့တဲ့ Tik Tok Video လေး ကြောင့်ပါပဲ။ လွန်ခဲ့တဲ့ 2 နှစ်က အပျော်တမ်း ကစားခဲ့တဲ့ ဒီ Video လေးမှာ သူ့ရဲ့လှုပ်ရှားမှုကို သဘောတကျရှိခဲ့တာမို့ သူဟာ ဒီဇာတ်ကားမှာ ကမ်းလှမ်းခံရပြီး အခုလိုပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အကြောင်းလေးကို သန္တာဗိုလ်တစ်ယောက် " ကကွက်အစမ်းနဲ့ Lin Aung Khit ၂ နှစ်ပြည့် အမှတ်တရ ဒီ video နဲ့ Line Walker2 မှာပါလို့ congratulations လုပ်လိုက်ပါတယ် " ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။

Photo - Lin Aung Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။