တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေ အခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။

မင်းသမီးလေး ရွှေမှုန်ရတီကတော့ ချစ်ရတဲ့ ခင်ပွန်းသည် ရွှေထူးအပေါ် အမြဲလိုလို ကလေးဆိုးလေးဆိုးနေတတ်သူ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက အမြဲစိတ်ကောက်နေတတ်တဲ့ ရွှေမှုန်လေးကို အခုဇနီးမောင်နှံဘဝအထိတိုင်အောင် ရွှေထူးက အစဉ်အလာမပျက် ချော့နေဆဲပဲ ဖြစ်ပါတယ်။သူတို့ နှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုလေးတွေနဲ့ ရိုမန့်တစ်ဆန်ဆန် အမှတ်တရ ပုံလေးတွေကို ဖေ့ဘွတ်အကောင့်မှာ အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံကို ရွှေနှစ်ရွှေစုံတွဲလို့ ချစ်နိးနဲ့ ခေါ်ဝေါ်နေကြပါတယ်။ ရွှေထူးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ရိုမန့်တစ်ဆန်ဆန်လေးတွေ အမြဲပြုလုပ်ပေးပြီး ပျော်ရွှင်မှု နာလည်းမှု အပြည့်နဲ့ အချစ်တွေခိုင်မြဲနေတာလည်းဖြစ်ပါတယ်။လတ်တလောတော့ နှစ်ယောက်အတူတူ စင်ပေါ်မှာ ပရိသတ်တွေနဲ့အပေးယူမျှမျှသီဆိုဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် ရွှေရွှေတို့ရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe Hmone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။