နယ်လှည့်ဖျော်ဖြေမှုတွေ မနားတမ်းလုပ်ကိုင်လျက်ရှိတဲ့ ဖြူဖြူထွေးဟာဆိုရင် အခုတစ်ခါမှာလည်း ပေါက်မြို့နယ်ရှိ လေသာတောင်ဆုတောင်းပြည့်ဘုရားပွဲကြီးမှာသွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး ဝေဖန်တိုက်ခိုက်မှုတွေကြားက အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ အမူအရာလေးနဲ့ လူတိုင်းအပေါ် ရိုးသားပွင့်လင်းစွာပေါင်းသင်းဆက်ဆံတက်တဲ့ အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ကူးရတာဖြစ်ပြီး၊ ကြော်ငြာအများအပြားလည်း လက်ခံရိုက်ကူးလာရတာဖြစ်ပါတယ်။ အသက်ရွယ်အားဖြင့် ငယ်သေးပင်မဲ့ မလျှော့တမ်းဇွဲ၊ လုံ့လဖြင့်ကြိုးစားလာပြီး social media လောကမှာနေရာ တစ်နေရာရလာတာကို ပရိသတ်ကြီးတို့အနေနဲ့ ချီးကျူးဂုဏ်ပြုကြရမှာဖြစ်ပါတယ်။

ဖြူဖြူထွေးဟာဆိုရင် အမြဲလိုလို သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအသီးသီးကို လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် စဉ်ဆက်မပြတ်တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာဝတ်စုံလေးနဲ့ အလွန်ပင်ချစ်ဖို့ကောင်းလှသော ပုံရိပ်လေးတွေနဲ့တကွ"ပေါက်မြို့၊ လေသာတောင်ဆုတောင်းပြည့်ဘုရား ပွဲကြီးမှာ ဒီနေ့ည ဖျော်ဖြေပါ့မယ်နော်" ဆိုတဲ့ status လေးနဲ့အတူ ထုတ်ဖော်ပြသတင်ဆက်ထားတာကို Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။