ပရိတ်သတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ လက်တလောမှာ အမွှာသမီးလေး ခေတ်နဲ့သစ်ရယ် ချစ်ခင်ပွန်းရယ်နဲ့ အတူတူ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ချစ်သုဝေက သူမရဲ့ သမီးလေးနှစ်ယောက်ကို ပိုးဥသလိုဥပြီး သေချာဂရုတစိုက်ယုယုယယနဲ့ မွေးခဲ့လို့ နေမထိလေမထိဘဲ ဖြူဖွေးနုပြီး ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်လေးဖြစ်လာတာပါ။

သမီးလေးနှစ်ယောက်ကလည်း မေမေ့ခြေရာအတိုင်း အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးလေးတွေပါ။အရမ်းအသည်းယားအောင်လုပ်တတ်လွန်းလို့ ပရိတ်သတ်တွေရဲ့ အသည်းကျော်လည်း ဖြစ်ပါတယ်နော်။ခေတ်နဲ့သစ်လေးက အခုချိန်မှာ ကျောင်းတတ်တဲ့ အရွယ်ရောက်နေပြီး သူငယ်ချင်းတွေနဲ့လည်း လိုက်လျောညီထွေစွာနဲ့ နေတတ်တဲ့ ကလေးလေးတွေပါနော်။မေမေချစ်သုဝေကလည်း သမီးလေးတွေအတွက် ကိုယ်တိုင်မုန့်ဖုတ်သင်တန်းတွေတက်ပြီး သမီးလေးတွေကို ကိုယ်တိုင် မုန့်တွေလုပ်ကျွေး အဟာရရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ပြင်ဆင်ကျွေးမွေးပြီး အစစအရာရာ ဂရုစိုက်တတ်ပါတယ်နော်။

အခုဆိုရင် ခေတ်နဲ့သစ်လေးက ဖေဖေ မေမေရဲ့ အုပ်ထိန်းမှုအောက်မှာ အရမ်းကို သိတတ်လိမ္မာတဲ့ သမီးလိမ္မာလေးတွေ ဖြစ်လာပါပြီနော်။ဉာဏ်ကလည်း အရမ်းကောင်းလွန်းလို့ သိလွယ်တတ်လွယ်နဲ့ စကားတွေလည်း အရမ်းပြောတတ်နေပြီး တစ်ခြားလူတွေကိုလည်း စနောက်တတ်နေပါပြီ။ခေတ်နဲ့သစ်လေးက မေမေချစ်သုဝေနဲ့အတူ ဒီဇိုင်နာ မင်းသက်စံအိမ်ကို ရောက်ရှိနေပြီး ဧည့်ခံကျွေးမွေးတဲ့ အစားအသောက်တွေကို ခေတ်နဲ့သစ်လေးက စားသောက်ပြီး စကားတွေအရမ်းတတ်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Minn Thet Saen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။