အာစီယံယူ၂၂ပြိုင်ပွဲတွေကိုတော့ကမ္ဘောဒီးယားနိုင်ငံမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအဆိုပါပြိုင်ပွဲမှာအိမ်ရှင်ကမ္ဘောဒီးယား၊မလေးရှား၊အင်ဒိုနီးရှားအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုအဖွင့်ပွဲစဉ်အဖြစ်မနေ့ကအင်ဒိုနီးရှားအသင်းနဲ့ကစားခဲ့ပြီးတစ်ဖက်တစ်ဂိုးစီပြီးဆုံးခဲ့ပါတယ်။

မြန်မာအသင်းဟာအုပ်စုတက်ဖို့အတွက်အဖွင့်ပွဲမှာအနိုင်ရဖို့ကြိုးစားခဲ့ပေမယ့်ဦးဆောင်ဂိုးရပြီးမှာချေပဂိုးပြန်ပေးလိုက်ကပြီးသရေကျခဲ့တာဖြစ်ပါတယ်။နည်းပြသစ်လက်ထက်မှာပထမဆုံးနိုင်ငံတစ်ကာပွဲဖြစ်ပေမယ့်အကောင်းဆုံးခြေစွမ်းတွေကိုပရိသတ်တွေမြင်တွေ့ခဲ့ရပါပြီ။ကွင်းမြက်ခင်းတွေကြောင့်ကစားရတာအခက်ခဲရှိပေမယ့်အကောင်းဆုံးကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုဒုတိယပွဲစဉ်အဖြစ်မနက်ဖြန်မှာအိမ်ရှင်ကမ္ဘောဒီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ကမ္ဘောဒီးယားအသင်းကလည်းမနေ့ကအုပ်စုအဖွင့်ပွဲအဖြစ်မလေးရှားအသင်းနဲ့ကစားခဲ့ပြီးတစ်ဂိုးနဲ့အနိုင်ရပြီးအမှတ်ပေးဇယားကိုဦးဆောင်နေတာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စုတက်ဖို့ဆိုမဖြစ်မနေကမ္ဘောဒီးယားကိုအနိုင်ကစားရမှာဖြစ်တာကြောင့်ပရိသတ်တွေလည်းစောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။