အောင်မြင်နေတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိစိကွေးကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိနေပြီး ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်နေပါတယ်။အိစိကွေးကတော့ လူပျိူပေါက်လေးဖြစ်လာပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

အိစိကွေးက လက်ရှိမှာ ပညာရေးအတွက် ကြိုးစားနေရသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အိစိက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လတ်တလောမှာ ပါဝင်ရိုက်ကူးနေပါတယ်။ အိစိကွေးကတော့ အဆိပ်ရှိလူရိုင်းရုပ်ရှင်မှာ လှေကားအမြင့်ကြီးပေါ်က တကယ်ပြုတ်ကျပြီး ပါးတွေတကယ်ရိုက်ခံခဲ့ရပါတယ်။  

အိစိကွေးကတော့ "အမှတ်တရတွေများစွာနဲ့ပညာတွေအများကြီးရခဲ့တဲ့ဇာတ်ကားပေါ့ သတိရလာလို့ပြန်တင်လိုက်ပါတယ်တကယ်ကို အစစ်တွေလုပ်ပြီးကြိုးစားခဲ့ရတဲ့ကားလေးပေါ့ပါးတကယ်ရိုက်ခံရတယ်ကြာပွတ်နဲ့တကယ်အဆော်ခံရတယ်လှေကားပေါ်က တကယ်ပြုတ်ကျတယ်အခန်းနည်းတယ်ဆိုပေမယ့်တကယ်ကိုအမှတ်တရတွေပါပဲဖြစ်နိင်မယ်ဆိုရင် အတူတူအလုပ်လုပ်ခဲ့ကြတဲ့ ဒီလူ ဒီအဖွဲ့ ဒီကုမ္ပဏီ နဲ့ထပ်ပြီး အလုပ်လုပ်ချင်တယ် " ဆိုပြီး ရေးသားထားပါတယ်။

source: အိစိကွေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။