သရုပ်ဆောင် မင်းသားချော ဇေရဲထက်က ဗီဒီယိုဇာတ်ကားတွေပေါင်းများစွာ ရိုက်ကူးအောင်မြင်ခဲ့ပြီး အရမ်းကို လူကြိုက်များနာမည်ကျော်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အများအပေါ် စိတ်ကောင်းစေတနာကောင်းထားတတ်ပြီး ပရိသတ်တွေကိုလည်း ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ ဇေရဲထက်ကိုတော့ ပရိသတ်တွေက အထူးအားပေးချစ်ခင်ကြပါတယ်။ ဇာတ်ရုပ်မရွေး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ဇေရဲထက်က "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုမိုအောင်မြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဂျူလိုင်လမှာ စတင်ရုံတင်ပြသခဲ့တဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ အကြီးအကျယ်ရေပန်းစားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား ဇာတ်ရုပ်နဲ့ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇေရဲထက်ကိုတော့ ပရိသတ်တွေက အကယ်ဒမီဆုအထိ မျှော်မှန်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားကြီးက ၂၀၁၈ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ဒုတိယအဆင့် ကြည့်ရှုရမယ့် စကာတင် ရုပ်ရှင် (၂၅) ဇာတ်ကားစာရင်းမှာ စိတ်မကောင်းစွာနဲ့ မပါဝင်လာခဲ့ပါဘူး။

ဒါကြောင့် ဇေရဲထက်က အကယ်ဒမီစာရင်းမဝင်ခဲ့တဲ့အပေါ် အားနာစွာဖြင့် သက်ဆိုင်သူတွေကို တောင်းပန်စကားဆိုထားတာ တွေ့ရပါတယ်။ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရလဒ်မကောင်းခဲ့တာကြောင့် စိတ်ထိခိုက်နေတဲ့ ဇေရဲထက်ကိုတော့ အနုပညာရှင်အချို့နဲ့ ပရိသတ်တွေက စိတ်ဓာတ်မကျဖို့နဲ့ အကယ်ဒမီစာရင်းမဝင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အမြဲတမ်း နံပါတ်တစ်နေရာမှာရှိနေမှာဖြစ်ကြောင်း အားပေးစကားတွေဆိုခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ် ဇေရဲထက်ရဲ့"ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ဇာတ်ကားကြီးက ၂၀၁၈ ခုနှစ်ရဲ့ လူကြိုက်အများဆုံးရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

source:Zay Ye Htet;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။