ချစ်ပရိသတ်ကြီးရေ.... ဗီဒီယိုလောကမှာ အောင်မြင်ကျော်ကြားခဲ့ပြီး အခုချိန်ထိ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးခင်လေးနွယ်ကို အထူးတလည် မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ တိုင်းရင်းသူမလေး ပီပီ အသံဝဲဝဲလေးနဲ့ ညှို့ယူဆွဲဆောင်နိုင်တာဖြစ်ပါတယ်နော်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတက်ပြီး လူတိုင်းအပေါ်ချစ်ခင်ရိုးသားတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိ ပရိသတ်အများအပြားက ဝန်းရံအားပေးလျက်ရှိနေကြတာပါ။

အနုပညာအလုပ်တွေ ခေတ္တရပ်နားထားပြီး သူငယ်ချင်းတွေနဲ့အတူ ခရီးတွေတောက်လျှောက်ထွက်နေတာဖြစ်ပါတယ်။ photot shooting တွေ ရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာအများအပြားကိုလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ အပျိုကြီးမမတစ်ယောက်ဖြစ်ပင်မဲ့ ဆယ်ကျော်သက်လေးတွေလို အမြဲတမ်းနုပျိုလန်းဆန်းနေတာဖြစ်ပြီး ကျန်းမာရေးလိုက်စားတာကြောင့်ပဲပြောရမှာပါ။ ဘဝကို စိတ်ရောကိုယ်ပါ အေးချမ်းသာယာစွာ လျှောက်လှမ်းနေတာဖြစ်ပြီး မိသားစုနဲ့ အတူ၊ သူငယ်ချင်းတွေကို အချိန်အများဆုံးပေးဖြစ်နေတာကို တွေ့ရပါတယ်။

ခင်လေးနွယ်ဟာဆိုရင် သူမချစ်ပရိသတ်ကြီးကို အနုပညာလှုပ်ရှားမှုကအစ တစ်နေ့တာ လုပ်ငန်းတွေကိုပါ သိရှိလို့ရအောင် မကြာခဏဆိုသလို မျှဝေဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို ထင်မှတ်ရလောက်အောင် နုပျိုသွယ် လျ လှပနေတဲ့ ခင်လေးနွယ်ဟာဆိုရင် အခုတစ်ခါမှာလည်း ဒီဇိုင်းအဆန်းလေး ချုပ်ထားတဲ့ မြန်မာဝတ်စုံလေးကို ဆင်မြန်းထားလို့နေပါတယ်။ ချုပ်ပေးထားတဲ့ သူငယ်ချင်းကိုလည်း ရင်ထဲကလာတဲ့ ကျေးဇူးတင်စကားကို ဆိုထားပါသေးတယ်။ Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။