မော်ဒယ်၊ သရုပ်ဆောင် လုလုအောင်ကတော့ အနုပညာလောကမှာ နာမည်ရအောင်မြင်နေပြီး ပုရိသတွေကြား ရေပန်းစားလူကြိုက်များနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Sexy Model အဖြစ် လူသိများအောင်မြင်လာခဲ့တဲ့ သူမက ဘဝကို ရိုးသားစွာ ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးချောလေး တစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့ ကလေးတစ်ယောက်မိခင် လုလုအောင်က Single Mother တစ်ဦးလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကို မဖုံးမကွယ်ဘဲ သူမရဲ့ကလေးမိခင်ဘဝကို ချပြထားတဲ့ လုလုအောင်က သမီးလေးအတွက် အရာရာကို ရင်ဆိုင်ဖို့ သတ္တိရှိသူ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲ၊ အတိုက်အခိုက်တွေရှိရှိ သမီးလေးအရှေ့က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ လုလုအောင်က သားအမိနှစ်ယောက်တည်းရှိပေမယ့် ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။ အခုလည်း လုလုအောင်က သူမချစ်ရတဲ့သမီးလေးနဲ့ ကြည်နူးနေတဲ့ ပုံလေးကို တင်ထားပါတယ်။

တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံပြီး ကြည်နူးပျော်ရွှင်နေတဲ့ လုလုအောင်တို့ သားအမိနှစ်ယောက်က လက်ရှိမှာ ခရီးလေးတွေထက်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မိခင်ဆိုပေမယ့် အပျိုစင်လေးလို အလှမပျက်ဘဲ ဆွဲဆောင်မှုရှိနေတဲ့ လုလုအောင်ကတော့ ဘယ်လိုကြည့်ကြည့် အမြဲလှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်မဝဖြစ်နေတဲ့ လုလုအောင်တို့ သားအမိနှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

source:Lulu aung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။