စိုင်းစိုင်းလို့ ပြောလိုက်တာ ပရိသတ်ကြီးတို့ရဲ့ ရင်ထဲမှာ နေရာအပြည့်ယူထားသလို မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေးမှုတွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ထိပ်တန်းအဆိုတော် ရှမ်းတိုင်းရင်းသားလေးကို ပြေးမြင်မိမှာပါနော်..။

အမိုက်စားသီချင်းစာသားတွေနဲ့ နုပျိုခန့်ညားလွန်းတဲ့ ရုပ်ရည်တွေအပြင် ပရော်ဖက်ရှင်ပီသတဲ့ အနုပညာရှင်စိတ်ဓာတ်တွေကြောင့်လည်း ပရိသတ်တွေကြား အမြဲအချစ်ပိုရေပန်းစားနေပြီး အားလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို အများဆုံးရရှိထားတဲ့ လူပျိုကြီးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်..။

ပရိသတ်တွေကို အမြဲအချစ်ပိုစေခဲ့တဲ့ စိုင်းစိုင်းကတော့ လတ်တလောမှာလည်း လှူဒါန်းမှုတွေအပြင် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ တောင်ကြီးမှာ သူငယ်တန်းကနေ (၁၀)တန်းအထိ တက်ရောက်ခဲ့တဲ့ စသင်ကျောင်းလေးမှာလည်း လှူဒါန်းမှုတွေ ပျော်ပျော်ကြီး ပြုလုပ်ခဲ့ပြန်ပါတယ်..။

ငယ်စဉ်ကတည်းက တက်ခဲ့တဲ့ တောင်ကြီး အမှတ်(၁)ကျောင်းမှာ ကလေးတွေအတွက် ကလေးကစားကွင်းဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဆရာ ဆရာမတွေနဲ့ တရင်းတနှီးပြန်လည်တွေ့ဆုံခဲ့ရလို စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်နေပါတယ်နော်..။

ဆရာ ဆရာမတွေအပြင် ကျောင်းသားကျောင်းသူ ကလေးတွေနဲ့ ပရိသတ်တွေနဲ့ပျော်ပျော်ရွှင်ရွှင် အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ပျော်စရာ မှတ်တမ်းပုံရိပ်လေးတွေနဲ့ အပျော်လေးတွေကိုလည်း စိုင်းစိုင်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“One of the Best Days !!

See how Happy we are today !!

ကျနော်သူငယ်တန်းက ဆယ်တန်းအထိတက်ခဲ့တဲ့

အမှတ် (၁) ကျောင်း တောင်ကြီး ကလေးကစားကွင်းဆောက်လုပ်ရာမှာ လှူဒါန်းခွင့်ရရှိခဲ့ပါတယ်

စီစဉ်ပေးတဲ့ ဆရာမများ မိဘများကိုလည်း အထူးကျေးဇူးတင်ပါတယ်

ဒီနေ့ ဘယ်လောက်ပျော်နေကြလဲဆိုတာ ..” ဆိုပြီး စိုင်းစိုင်းက ပြန်လည်မျှဝေထားပဲ ဖြစ်ပါတယ်နော်..။

Photo - စိုင်းစိုင်းခမ်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။