Miley Cyrus ဟာဆိုရင်ဘယ်တော့ခါမှ ဆေးခြောက်ကိုထောက်ခံအားပေးမှုနဲ့ပတ်သတ်ပြီး ရှက်ကြောက်ရွံ့ခဲ့ခြင်းမရှိပါဘူး။ အခုမှာတော့ သူမရဲ့အမေဖြစ်သူ အသက်၅၁နှစ်ရှိပြီဖြစ်တဲ့ Tish ဟာဆေးခြောက်တွေ အပြည့်ထည့်ထားတဲ့ ဗီရိုနဲ့အတူ ဓာတ်ပုံရိုက်ကာ တင်ခဲ့ပါတယ်။ ပုံမှာတွေတဲ့အတိုင်းပါပဲ....ပရိသတ်ကြီးလဲ အံသြသွားမယ်လို့ထင်ပါတယ်။ အဲ့ပုံကိုတော့ Miley အဖေက ရိုက်ပေးတာဖြစ်ပြီး အရိုက်ခံသူကတော့ Miley အမေပါ။ 

အဲ့ပုံနဲ့ပတ်သတ်ပြီးတော့ သူမဟာလဲ ပြန်လည်ရှင်းပြခဲ့ပါတယ်။ " ပထမဦးဆုံးအနေနဲ့ ကျွန်မယောကျ်ားကတော့ တကယ်ကို အံသြနေပါတယ်....ဒုတိယအနေနဲ့ ဒီပုံဟာ တကယ်ကို ရူးခါစေပါတယ်....ပြီးတော့ တတိယအနေနဲ့ အဲ့weed တွေက ကျွန်မဟာမဟုတ်သလို ဒီအိမ်ကလဲကျွန်မအိမ်မဟုတ်ပါဘူး.....ဒါပေမဲ့ အာ့တွေက ကျွန်မအပိုင်ဖြစ်ခဲ့ရင် တကယ်ကို အံသြပျော်ရွှင်စရာတွေ ဖြစ်လာမှာပါ " လို့ သူမဟာရေးတင်ခဲ့ပါတယ်။ အဲ့ဟာတွေရဲ့ပိုင်ရှင်ကတော့ တော်တော်ကို အေးဆေးမှာပဲ။ 

လူတွေကအဲ့ POST ကိုမြင်ပြီးနောက်မှာ အသားရောင်ခွဲခြားပြီး ထောင်ထဲမပို့သင့်တော့ကြောင်း လူဖြူတွေကျတော့ ဒဏ်မခံရဘူး တခြားသူတွေကျတော့ ဒဏ်ခံရတယ် အာ့ကြောင့် ကျွန်တော်တို့ရပ်တန့်သင့်နေပြီ ဆိုပြီတင်ခဲ့ကြပါတယ်။ အဲ့ပုံက အမေရိကန်ရဲ့တရားမျှတမှုကို ပိုရှီလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Miley ဟာလဲ ဆေးခြောက်ကို ထောက်ခံသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၇တုန်းက သူမဟာ weed ကိုမသောက်တာ သုံးပတ်ရှိပြီဖြစ်ကြောင်း no drugs နဲ့ no drink ဆိုတာတွေကို ပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။