ရန်ကုန်မြို့တွင် မတ်လအတွင်း ကျင်းပတော့မယ့် ONE Championship ပြိုင်ပွဲအတွက် အသင့်ဖြစ်နေကြောင်း ဖေဖော်ဝါရီလ ၁၆ဘ ရက်နေ့က မြန်မာမီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မဲ့ တိုက်ခိုက်ရေးသမား ထီရယ်ထန်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ထီရယ်ထန်ဟာ ONE Championship အဖွဲ့အစည်းနှင့် ယခုနှစ်အတွင်းကျင်းပမည့် MMA ပြိုင်ပွဲများထိုးသတ်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းကမြန်မာနိုင်ငံတွင် ကျင်းကမည့် MMA ပြိုင်ပွဲတွင် ၎င်းအနေဖြင့် အိမ်ရှင်ပရိတ်သတ်များရှေ့တွင် စတင်ထိုးသတ်ရဖွယ် ရှိနေတာပဲတာပဲ ဖြစ်ပါတယ်။ 

မတ်လ ၈ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည့်အဆိုပါ ပြိုင်ပွဲတွင် ထီရယ်ထန်ဟာ ပွဲဦးထွက်အနေနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ထီရယ်ထန်အနေဖြင့် အမေရိကတွင် အောင်လအန်ဆန်နှင့်အတူ လေ့ကျင့်လျက်ရှိပြီး အကောင်းဆုံးပြင်ဆင်ထားတယ်လို့သူကဆိုပါတယ်။  

" ဒိုင်ပွဲရပ် ဒါမှမဟုတ် ပထမအချီ နဲ့ ဒုတိယအချီ အဲဒီကြားမှာပဲ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူမှာပါ။ အကောင်းဆုံးယှဉ်ပြိုင်ဖို့ကြိုးစားထားလို့ မြန်မာနိုင်ငံကဘ ပရိတ်သတ်တွေကို ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်မှုကို မြင်စေချင်ပါတယ် " လို့ပြောကြားခဲ့ပါတယ်။

Source - Tial Thang Zathang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။