ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။    

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ နိုင်ငံခြားသားများစွာရဲ့ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာမှုတွေကတော့ ပြည်တွင်းနှင့် အာရှနိုင်ငံတွေမှာများစွာရှိလာတာကိုတော့ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုတွေကို သတိပြုလာကြပြီး တကိုယ်တော်တရားရှာဖွေကြာသူများ၊ အဖွဲ့လိုက်သာသနာ့ဘောင်အတွင်းလာရောက်လေ့လာကြသူများနှင့် တရားထိုင်ကာ စိတ်ထွက်ပေါက်လာရောက်ရှာဖွေသူများစွာရှိနေတာတွေ့ရပါတယ်။  

လေးစားကြည်ညိုစရာကောင်းလောက်အောင် ပရိသတ်တွေကြားရေပန်းစားနေတဲ့ နိုင်ငံခြားသား သာသနာ့နွယ်ဖွားတွေရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဆရာတော်တွေကတော့ မကြာသေးမီလပိုင်းအတွင်းက သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့သူတွေဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ကိုယ်တိုင်လာရောက်ရှာဖွေသူတွေဖြစ်ကြောင်းသိရပါတယ်။ ပရိသတ်တွေကြားမှာ လေးစားကြည်ညိုစရာတွေ့မြင်နေရတဲ့ နိုင်ငံခြားသား ဗုဒ္ဓနွယ်ဖွားလေးတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

photos - မေဇင်စိုးမြင့် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။