sexy photo model တစ်ယောက်ဖြစ်တဲ့ ဇာဇာထက်ဟာ အခုနောက်ပိုင်းမှာဆိုရင်တော့ ကိုယ်ပိုင် Mtv သီချင်းတွေထွက်ရှိလာပြီး social media လောကမှာ ရေပန်းစားအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အပျိုကြီးမမ ဖြစ်ပြီး ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေ ကို ဆွဲဆောင်မှုရှိရှိ ဝတ်တက်ပင်မဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေဝတ်ပြန်လည်း ကျက်သရေရှိ ရိုးယဉ်စွာလှပနေခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်ကြိုးစားပြီးရရှိတဲ့ အနုပညာကြေးနဲ့ မိဘတွေကိုလည်း လုပ်ကျွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ အပြောအဆို တင့်ရဲပွင့်လင်း ပင်မဲ့ အမှန်တရားဆို မရှက်မရွံ့ဘဲ ဖွင့်ဟပြောဆိုတက်တဲ့ သူမရဲ့ စိတ်ထားဟာဆိုရင်လည်း တစ်ကယ့်ကိုလေးစားစရာပါပဲနော်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင် sexy photo တွေအများဆုံးရိုက်လေ့ရှိပြီး၊ အခမ်းအနားပွဲတွေမှာ လိုက်ပြီးဖျော်ဖြေတင်ဆက်ပေးနေတာကိုလည်း မြင်တွေ့ရမှာပါ။ အရင်တုန်းကဖော်ချွတ်တွေ အရမ်းရိုက်ခဲ့ပင်မဲ့ အခုနောက်ပိုင်းမှာတော့ ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့စကားအတိုင်း ဖော်ချွတ်ပုံတွေကို သိပ်တင်လေ့မရှိတော့ပဲ sexy ကျကျ ခတ်လန်းလန်း အတိုအပြတ်လေးတွေနဲ့သာ ပုရိသအပေါင်းကို ဆွဲဆောင်ညှို့ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားပြေပြစ်အောင် gym ကစားလေ့ရှိပြီး သူမရဲ့ အားကစားလေကျင့်တဲ့ ပုံအချို့ကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိတာဖြစ်တယ်။

ဇာဇာထက် ဟာ "Hero Red Carpet" ပွဲသို့တက်ရောက်ခဲ့ပြီး သူမရဲ့ ဇာတ်ကြောင်း အစုံကို Myanmarload TVအင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းတွေကိုလည်းပြောပြသွားပြီး model လောကမှာ တန်းတစ်ခုနဲ့နေနိုင်အောင် ဆင်ခြင်ကြိုးစားနေတာလို့လည်း ဆိုခဲ့ပါတယ်။ သူမရဲ့ စိတ်ရင်းအတိုင်းဖြေကြားထားခဲ့တဲ့ ထိုအင်တာဗျူးလေးကို အမှားပါရင်ခွင့်လွှတ်ဖို့တောင်းပန်းထားပြီး Myanmarload ပရိသတ်ကြီးအပြည့်အစုံသိရှိရအောင် သူမရဲ့ အလှပုံရိပ်လေးနဲ့တကွ အင်တာဗျူးဗီဒီယိုဖိုင်ကိုပါ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ 

Source Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။