ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သဘာဝမင်းသားကြီး မြင့်မြတ်ကတော့ သူ့ရဲ့ပီပြင်တဲ့ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်နော်..။

အခုတစ်ခါမှာလည်း မင်းသမီးချောသင်ဇာဝင့်ကျော်နဲ့အတူ ရေခဲတောင်မှာ ရုပ်ရှင်သွားရောက်ရိုက်ကူးနေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုတွေကို အများဆုံးရရှိနေတာလည်း တွေ့ရပါတယ်..။

ကချင်ပြည်နယ် မြစ်ကြီးနား နှင်းမြို့တော်လို့ တင်စားရလောက်အောင် နှင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ပန်ဝါမြို့မှာ ရောက်ရှိနေကြပြီး ရေခဲတောင်မှာ(၁)လလောက် ရုပ်ရှင်သွားရောက် ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်နော်..။

ရေခဲတောင် မသွားခင် အမှတ်တရရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုလည်း ယုန်လေးနဲ့ ညိမ်းသော်တို့က သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေလည်း ပရိသတ်တွေကို အလွမ်းပြေဓာတ်ပုံလေေးတွလည်း ရိုက်ကူးမျှဝေထားပါသေးတယ်..။

အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ယုန်လေး၊ ညိမ်းသော်၊ သင်ဇာဝင့်ကျော်နဲ့ ကေညီတို့အပြင် အခြားအနုပညာရှင်တွေလည်း ပါဝင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်နော်..။

ရေခဲတောင်မှာ သွားရောက်ရိုက်ကူးကြတဲ့ မြင့်မြတ်နဲ့ သင်ဇာလေးတို့ရဲ့ အမိုက်စား ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဘယ်လို ကာရိုက်တာတွေနဲ့ မြင်တွေ့ရမလဲဆိုတာ ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာ တွေ့ရပါတယ်..။

Photo - ယုန်လေး၊ ညိမ်းသော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။