မြန်မာ ယူ၂၂ အသင်း ယာယီဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်၏ ဆိုရှယ်မီဒီယာတွင် ရေးသားမှုအတွက် MFF အနေဖြင့် မြန်မာ ဘောလုံး ပရိသတ်တွေကိုအနူးညွတ် တောင်းပန်လိုက်ပါတယ်။ဂိုးနည်းပြ ဦးအောင်ကျော်ကျော်အား မြန်မာ ယူ၂၂ အသင်းနှင့် ပူးပေါင်းရန် စေလွှတ်လိုက်ကြောင်း ကိုလည်းအဖွဲ့ချုပ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိကျင်းပလျက်ရှိသည့် AFF U22 Championship 2019 ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်းအတွက် ယာယီ ခန့်အပ်တာဝန်ပေးထားသော ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်၏ ဆိုရှယ်မီဒီယာပေါ်တွင်ပရိသတ်တွေအပေါ်မဆင်မခြင်ရေးသားခဲ့တာဖြစ်ပါတယ်။ ထို့အတွက် ကာယကံရှင် ဖြစ်သူမှလည်း ပိုစ့်အားဖျက်သိမ်းပြီး အနူးညွတ် တောင်းပန်ပါကြောင်း ပြန်လည်ရေးသားဖော်ပြပြီး ဖြစ်ပါသလို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့်လည်း အဆိုပါကိစ္စအတွက် ပရိသတ်များအား အနူးညွှတ် တောင်းပန် လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယနေ့တွင် မြန်မာ ယူ၂၂ အသင်းနှင့် ပူးပေါင်းရန် ဂိုးနည်းပြ ဦးအောင်ကျော်ကျော်အား ပြိုင်ပွဲကျင်းပရာ ကမ္ဘောဒီးယား နိုင်ငံသို့ စေလွှတ်သွားပြီးအသင်းကိုတာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဦးဖြိုးကိုကိုလှိုင် ကိုလည်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းလည်းထုတ်ပြန်သွားခဲ့ပါတယ်။သူ့ရဲ့အရေးအသားတစ်ခုကြောင့်ပရိသတ်တွေကြားထဲမှာကန့်ကွက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။